ဓာတ်ပုံ – CJ

မြတ်နိုး၊ ဇန်နဝါရီ ၂၆ ရက်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အနာတော့ သိပ်မကျက်သေးဘူး။ ညီအစ်ကို၊ မောင်နှမ ၇ ယောက်ရှိတဲ့ အထဲ အဲဒီ ထိခိုက်ဒဏ်ရာရထားတဲ့ ဘေဘီက အငယ်ဆုံး။ အခု အကူအညီတွေလည်း နည်းနည်းလာကြပြီ။ မိဘ ၂ ပါးလုံး ဆုံးသွားပြီ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကလေးငယ်ကို ကြည့်ရူ့စောက်ရှောက်မယ့် ဆွေမျိုးတွေတော့ ရောက်ရှိလာပြီလို့ ဆိုပါတယ်။

အမျိုးသမီးအဖွဲ့ဘက်က လာရောက်ကူညီနေတာရှိပေမယ့် ကလေးလေးအတွက် နေ့စဉ်အသုံးအဆောင် နဲ့ ဆေးဝါးဖိုးတွေ အကူအညီလိုနေဆဲဖြစ်တယ်လို့ သူက ထပ်မံ ပြောပြပါတယ်။

“ကလေးအတွက် သေးခံတွေ၊ ကလေးသောက်ဖို့ ဒူးမစ်တွေ အကူအညီတွေလိုဆဲဖြစ်တယ်လို့ သိရတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်ရဲ့ မျက်နှာမှာ လေယာဉ်ဗုံးစတွေ ထိမှန်ထားသလို မျက်လုံးတွေပါ ယောင်ကိုင်းနေတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က ဗန်းမော်မြို့ အနောက်ဘက် ဧရာ၀တီမြစ်ရဲ့ တဖက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်ကြိမ်၊ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင် ဒေသခံပြည်သူ ၁၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦးမှာ ဆေးရုံကို ပို့ဆောင်ချိန်လမ်းမှာ သေဆုံးသွားကာ နောက်ထပ် ဒဏ်ရာ ပြင်းထန်သူ ၂ ဦးက ဆေးရုံမှာ ဆေးကုသနေချိန် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ ပြင်းထန်သူ ဒေသခံ အယောက် ၃၀ ကျော်ဟာ လက်ရှိ ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။