Browsing Category
လေကြောင်းတိုက်ခိုက်မှု
105 posts
အောင်လံမြို့နယ် ဒါးစမ်းရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၂၇ လုံး မီးလောင်ပြာကျ
မကွေးတိုင်း အောင်လံမြို့နယ် ဒါးစမ်းကျေးရွာ(တဇန်း)ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၂၇ လုံး မီးလောင်ပြာကျခဲ့တယ်လို့ အောင်လံလူထုရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အရာတော်မြို့နယ် တောင်ပိုင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခရီးသွား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခရီးသွား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်နယ်မြေက အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေက အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ရှောင်တွေ နေထိုင်တဲ့ ပုဏ္ဏားကျွန်းက ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယိုးငူကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၁၄ ဦး ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေနေထိုင်တဲ့ ယိုးငူကျေးရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံမှုမှာ သေဆုံးသူ တစ်ဒါဇင်ထက်မနည်းထိရှိလာပြီး ၂၀ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်နေထိုင်တဲ့ ယိုးငူကျေးရွာ ဗုံးကြဲမှုမှာ သေဆုံးသူ ၁၂ ဦးထိရှိလာပြီး၂၀ ဦးဒဏ်ရာရရှိတယ်လို့ မြေပြင်နဲ့ နီးစပ်သူက ရွှေဖီမြေကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေရှိတဲ့ ယိုးငူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှု များနိုင်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြေပြင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။