ရှမ်းမြောက် မူဆယ်၊ လားရှိုး၊ နမ့်ဆန်နဲ့နမ္မတူမှာ ဆီဆိုင်အားလုံး ပိတ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ် လားရှိုးနဲ့ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်နဲ့နမ္မတူမြို့နယ်မှာရှိတဲ့ ပန့်ဆီဆိုင်အားလုံးနီးပါး ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံအတွက် စက်သုံးဆီ ရက် ၄၀ စာ ကျန်သေးတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

မြန်မာနိုင်ငံအတွက် စက်သုံးဆီ ရက် ၄၀ စာ ကျန်ရှိနေသေးတာကြောင့် စက်သုံးဆီ ပြတ်လပ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားထားတဲ့ အသံဖိုင်ကို စစ်ကောင်စီရဲ့ လက်အောက်ခံမီဒီယာဖြစ်တဲ့ People မီဒီယာမှာ ဖော်ပြထားပါတယ်။

‎ရှမ်းအရှေ့နဲ့ရှမ်းမြောက်က မြို့နယ်အများစုမှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရ၊ မြို့နယ်တချို့မှာ ဝယ်ယူလို့ မရတော့

‎ရှမ်းအရှေ့နဲ့ ရှမ်းမြောက်က မြို့နယ်အများစုမှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ဝယ်ယူနေရပြီး မြို့နယ်တချို့မှာတော့ ဝယ်ယူလို့ မရတော့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းမြောက်က မြို့နယ်တချို့မှာ ဓာတ်ဆီ ပြတ်လပ်မှာကို စိုးရိမ်ပြီး ‌အလုအယက် ဝယ်ယူနေကြ

ရှမ်းမြောက် ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်မှာ ဓာတ်ဆီ ပြတ်လပ်သွားမှာကို စိုးရိမ်တာကြောင့် ‌ ဒေသခံတွေက ဓာတ်ဆီ အလုအယက် ဝယ်ယူနေကြပါတယ်။