ဖားကန့်က ကျောက်လုပ်ကွက်တစ်ခုမှာ ဗုံးကြဲခံရပြီး ၂ ဦး ဒဏ်ရာရ

ကချင်ပြည် ဖားကန့်မြို့က ကျောက်လုပ်ကွက်တစ်ခုမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲကို TNLA က စစ်ကောင်စီတပ်ကို ခေါ်သွင်းမယ်လို့ သတင်းထွက်

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီကို ပြန်ပေးရမယ့် မိုးမိတ်နဲ့ မိုးကုတ်မြို့မှာ မြို့ထဲ ဝင်လာမယ့် စစ်ကောင်စီတပ်တွေကို တအာင်းတပ်မတော် PSLF/TNLA က လုံခြုံရေးပေးပြီး ခေါ်သွင်းမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

နမ့်ခမ်းက ဟိုဆိုင်းရေချောင်းမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့ ဟိုဆိုင်းရပ်ကွက်ရှိ ရေချောင်းတစ်ခုမှာ အမျိုးသားတစ်ဦးက ရေနစ်‌ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကနီမှာ လေကြောင်းကနေ ဗုံး ၃ ကြိမ် တိုက်ခိုက်ခံရတာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် မင်းအိုရွာအနီးက ယာခင်းတစ်ခုထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကိုဂျိုးဖြူက ရွှေဖီမြေကို ပြောပါတယ်။

၅ ရက်ကြာတဲ့အထိ သီပေါတံတား ပြန်မဖွင့်သေး

ရှမ်းမြောက် သီပေါမြို့အထွက်က သီပေါ-လားရှိုးတံတားကို ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်က အပြန်အလှန် ပိတ်ထားခဲ့ရာ ၅ ရက်ကြာတဲ့အထိ ဖြတ်သန်းသွားလာလို့ မရသေးကြောင်း စုံစမ်းသိရှိရပါတယ်။

မိုးကုတ်က စစ်ရှောင်ကားတစ်စီး တိမ်းမှောက်လို့ ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

‎တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ မိုးကုတ်ကနေလာတဲ့ စစ်ရှောင်ကားတစ်စီး တိမ်းမှောက်ပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြို့သစ်ရွာခံ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲကို မပါဝင်ကြဖို့နဲ့ ဆန့်ကျင်ကြဖို့ KNU ဒူးသထူခရိုင်က တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် ဖားအံမြို့နယ် လူထုတွေအနေနဲ့ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့နဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ကြဖို့ မနေ့ နိုဝင်ဘာ ၁၇ ရက် ရက်စွဲနဲ့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

နတ်မောက်က လေကြောင်းဗုံးကြဲခံရမှုမှာ အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း နတ်မောက်မြို့နယ် ကြက်သောက်တွင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ People’s Defence Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်မှာ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၄၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သားကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ ဆို

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ဆိုင်ကယ်ခိုးတဲ့ TNLA ရဲ့ တပ်သားတစ်ဦးကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။