TEA အပတ်စဉ်(၁) ကျောင်းသူကျောင်းသားတွေကို ပညာရေးဒီပလိုမာဘွဲ့ ပေးအပ်

တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဦးဆောင်ဖွင့်လှစ်တဲ့ တအာင်းပညာရေး အကယ်ဒမီကျောင်း- TEA ရဲ့ အပတ်စဉ်(၁)က ကျောင်းသူကျောင်းသား ၁၁၇ ဦးကို ပညာရေး ဒီပလိုမာဘွဲ့ ပေးအပ်ခဲ့ပါတယ်။

ပလက်ဝမြို့နယ်မှာ အမျိုးသားတစ်ဦးက အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်

အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သုံးကြိမ်တိတိ အဓမ္မပြုကျင့်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တန့်ယန်းက အမျိုးသားတစ်ဦးကို မိုင်းဟပြည်သူ့စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူက ပစ်ခတ်လို့ ဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ မိုင်းဟပြည်သူ့စစ်ခေါင်းဆောင် ဦးလော်မားရဲ့ သားဖြစ်သူက အရပ်သားတစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်သိသူ ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမြို့ပြင်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ စစ်ရေးဆက်လက်တင်းမာနေပြီး နမ့်ပေါင်နဲ့ သံလွင်ရွာတွေမှာ ကိုးကန့်တပ်က စစ်အင်အားထပ်ဖြည့်

စစ်ကောင်စီတပ်ရဲ့ တပ်ဆုတ်ခိုင်းမှုကြောင့် ရှမ်းမြောက် လားရှိုးမြို့ပြင်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့အကြား စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဗဟိုကော်မတီဝင် ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာရေးပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ ထိန်းသိမ်းထားကြောင်း မန္တလေး PDF ထုတ်ပြန်

မန္တလေး PDF ရဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာရေးပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ ထိန်းသိမ်းထားကြောင်း မန္တလေး PDF က ဒီနေ့ နိုဝင်ဘာ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မော်ချီးဒေသက ခဲလုပ်ကွက်တစ်ခုမှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ အရပ်သား ၅ ဦးထက်မနည်း သေဆုံး

ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖားကန့်က ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေကုက္ကိုမှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၆ ရာကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ဝင်ရောက်ရှင်းလင်းရာမှာ နိုင်ငံခြားသား ၆၁၁ ဦးနဲ့ ငွေလိမ်ရာမှာ အသုံးပြုတဲ့ကွန်ပျူတာ (၂,၆၅၃) လုံးနဲ့ ဖုန်း (၁၉,၆၅၀) လုံး သိမ်းဆည်းခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ပါတယ်။

မြို့သစ်မှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ကားတစ်စီး ချောက်ထဲကျလို့ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ ကားတစ်စီးက ချောက်ထဲကျလို့ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရွာခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ တက္ကသိုလ်ကျောင်းတွေကို စစ်ကောင်စီ ပြန်ဖွင့်မယ်

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီက တက္ကသိုလ်ကျောင်းကို ပြန်ဖွင့်မယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။