Browsing Category
သတင်း
3061 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်က မြို့နယ်တွေမှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ဆက်ရှိနေ
စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါ စတဲ့မြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တောင်တွင်းကြီးမှာ စစ်ကားတစ်စီး တိမ်းမှောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးတံတားပေါ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်ထားတဲ့ စစ်ကားတစ်စီး တိမ်းမှောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ၊ ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခံရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ကျေးရွာ ၁၀ ရွာထက်မနည်းက နေအိမ်တွေလည်း မီးရှို့နေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့က ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်က ရိုက်နှက်လို့ သေဆုံးသွားတဲ့ ကွတ်ခိုင်က မိဘမဲ့ ကလေးငယ်အတွက် ကူညီပေးတာ မရှိသေး
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ပန်းခြံဈေးစောင့်တဲ့ ကိုးကန့် MNDAA တပ်သားတွေ ဖမ်းဆီးရိုက်နှက်လို့ သေဆုံးခဲ့ရတဲ့ မိဘမဲ့ ကလေးငယ်အတွက် လာရောက်ကူညီပေးတာ မရှိဘူးလို့ ၎င်းနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ဝါရုံကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်ချိတ်ပိတ်ခံရတဲ့ အမျိုးသားတစ်ဦး ထပ်မံဖမ်းဆီးခံရ
ရှမ်းမြောက် ကျောက်မဲမြို့ ရက်ကွက် (၇) မှာ နေထိုင်တဲ့ ကိုရဲအောင်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်ခဲ့ပြီး သူ့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။