မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ TNLA တပ်တွေ ဆုတ်ခွာ၊ မြို့ပြင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်ထံ မြို့လွှဲပြောင်းပြီးနောက် မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းမြောက် မိုးမိတ်မြို့ပေါ်ကနေ တအာင်းတပ်မတော် TNLA ရဲ့ တပ်ဖွဲ့ဝင်တွေက မြို့ထဲကနေ ဆုတ်ခွာသွားပြီလို့ မြေပြင်အခြေနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မြို့မှာ ဖြစ်ပွားတဲ့ ပြန်ပေးဆွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်နေကြောင်း ကျူးလွန်ခံရသူ စွပ်စွဲ၊ အထူးစုံစမ်းရေးကော်မတီ ဖွဲ့စည်းပြီး အရေးယူပေးဖို့ တောင်းဆို

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုအတွင်း တအာင်းတပ်ရဲ့ ကွတ်ခိုင်ရဲတပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေကြောင်း ကျူးလွန်ခံရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဖားကန့်ဒေသခံ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အင်အား ထောင်ချီရှိတဲ့ စစ်ကောင်စီစစ်ကြောင်း မိုးကုတ်မြို့ထဲ ဝင်ရောက်နေရာယူ

တရုတ်ရဲ့ကြားဝင်မှုနဲ့ မနေ့ နိုဝင်ဘာ ၂၉ ရက် ညပိုင်းမှာ အင်အား ၁ ထောင်ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ထဲ ဝင်ရောက်လာပါတယ်။

ကျောက်မဲမှာ စစ်ကောင်စီတပ်နဲ့ SSPP တပ်တို့ တိုက်ပွဲဖြစ်၊ SSPP ထိန်းချုပ်ခဲ့တဲ့ နောင်ပိန်ရွာကို စစ်ကောင်စီက အုပ်ချုပ်ခွင့်မပေး

ရှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ဘက်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ညောင်ရွာကျေးရွာက အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း မြိုင်မြို့နယ် ညောင်ရွာကျေးရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ထဲကို စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာ

မနေ့ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စတင်ဝင်ရောက်နေပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တန့်ဆည်က မူးတိမ်ပျူရွာကို ၄ နာရီကြာ တိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်တို့ သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မူးတိမ်ပျူရွာကို တော်လှန်ရေးတပ်တို့က ၄ နာရီကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမှာ ပျောက်ဆုံးသွားတဲ့ လွယ်ခွါင်ရွာက ကလေးရဲ့ ရုပ်အလောင်းသာ ပြန်တွေ့

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆာလူကျေးရွာအုပ်စု လွယ်ခန်ကျေးရွာက ပျောက်ဆုံး‌နေတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်မှာ ၎င်းရဲ့ ရုပ်အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးဆီက သိရပါတယ်။

TNLA က မိုးမိတ်နဲ့ မိုးကုတ်မြို့အဝင်အထွက်တွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထား

စစ်ကောင်စီ ဝင်လာမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့မှာ မြို့ရဲ့ အဝင်အထွက်နေရာတွေကို ဒီနေ့ နိုဝင်ဘာ ၂၈ ရက်ကစပြီး တအာင်းတပ်မတော် TNLA က ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီ​မြေကို ပြောပါတယ်။