ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် – AA၊ တအာင်းတပ်-TNLAနဲ့ ကိုးကန့်တပ် – MNDAA တို့ ပူးတွဲထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ MNDAA ရုံးတချို့မှာ မြန်မာနိုင်ငံအလံ လွင့်ထူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံ တွေ့ဆုံဆွေးနွေး

အရေးပါတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးအားလုံးနီးပါးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားချိန် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စဥ့်ကူးမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်းမှာ စစ်ကောင်စီတပ်မှ မြစ်ထဲက ကျောက်ဆူးချရပ်ထားတဲ့ ဒေသခံတွေရဲ့ သံခွန်ပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသား ၁ ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်က စစ်ဘေးရှောင် ၅ ထောင်ကျော် အရေးပေါ် အကူအညီလိုအပ်

မကွေးတိုင်း ပေါက်မြို့နယ်မှာ ရက်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၁၁ ရွာက လူဦးရေ ၅ ထောင်ကျော်ဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇီးပင်ကြီးဂိတ်မှာ ကားသမား ၅ ဦးနဲ့အတူ ကားနဲ့ကုန်ကိုပါ စစ်ကောင်စီက ဖမ်းဆီးထား

‎မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ မန္တလေးကြားရှိ ဇီးပင်ကြီးဂိတ်မှာ နောင်ချိုကနေ ဆင်းလာတဲ့ ကားသမား ၃ ဦးနဲ့ မန္တလေးကနေ တက်လာတဲ့ ကားသမား ၂ ဦးကို ဇီးပင်ကြီးဂိတ်ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝက်လက်က ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၄ ဦးအထိ ရှိလာ၊ မကွေးနဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

ဒီနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရေသောက်ကန်ရွာနဲ့ ပေါက်ကန်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၄ ဦးအထိ ရှိလာတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်ဒေသကို ခရိုင် ၄ ခုနဲ့ မြို့တော် ၁ ခုအဖြစ် အုပ်ချုပ်သွားမယ်၊ ဇန်နဝါရီ ၅ ရက်ကို “ပြန်လည်ထူထောင်ရေးနေ့” အဖြစ် သတ်မှတ်

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ အထူးဒေသ (၁) မှာ ခရိုင် ၄ ခုနဲ့ မြို့တော် ၁ ခု ပါဝင်တဲ့ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းခဲ့ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကဏ္ဍသစ်ကို ခြေလှမ်းနိုင်ခဲ့ပြီလို့ MNDAA က ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

တီးတိန်နဲ့ ဖလမ်းတိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်ဆီက သိရပါတယ်။