နမ့်စန်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျလို့ ၁ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

‎ရှမ်း‌တောင် နမ့်စန်မြို့နယ် လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျခဲ့တာကြောင့် ခရီးသည် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (လွိုင်လင်)က ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး ထပ်မံ သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မိုးကုတ်က ပိန်းပြစ်ရွာမှာ ဖယောင်းတိုင်မီးကနေတစ်ဆင့် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပိန်းပြစ်အောက်ရွာမှာ မနေ့ ဇန်နဝါရီ ၁၇ ရက် ည ၇ နာရီခွဲဝန်းကျင်က ယောင်းတိုင်မီးကနေတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မယ်စဲ့အကျဉ်းထောင်ကနေ အကျဥ်းသား ၈၀ ဝန်းကျင်က သေနတ်တွေ လုယူပြီး ထွက်ပြေးလွှတ်မြောက်

ကရင်နီပြည် မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ အကျဥ်းသား ၈၀ ကျော်က သေနတ်တွေ လုယူပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ် – မန္တလေးလမ်းပိုင်းတစ်ခုလုံး စစ်ကောင်စီ ပြန်ထိန်းချုပ်

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ မိုးကုတ် – သပိတ်ကျင်း လမ်းပိုင်းတစ်ခုလုံးကို တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်ရပြီး လမ်းပိုင်းတစ်ခုလုံးကိုစစ်ကောင်စီတပ်ဘက်က ပြန်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်က KTV ဆိုင်တစ်ခုမှာ ခိုက်ရန်ဖြစ်ပွားပြီး ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ကေတီဗီဆိုင်တစ်ခုမှာ လိုင်းကြေးကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြရတာကနေ ခိုက်ရန်ဖြစ်ပွားပြီး နမ့်ခမ်းမြို့မ ပြည်သူ့စစ်နဲ့အတူ လိုက်ပါလာတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရာတော်က မူကြိုကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ် ကလေးအပါအဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က မူကြိုကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တမူးမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ် ၁၂ ဦးနဲ့ အဆက်သွယ်မရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ် ၁၂ ဦးဟာ တစ်စုံတစ်ရာ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေသို့ ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်တဲ့ ၁၀၅ မိုင်မှာ ကုန်သွယ်ရေးပြန်စ၊ စကစက အခွန်မရလို့ တရားမဝင် ကုန်ပစ္စည်းလို့ သတ်မှတ်ပြီး ဆက်တိုက်ဖမ်းဆီး

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ် – TNLA၊ ရခိုင့်တပ် – AA၊ ကိုးကန့်တပ် – MNDAA တို့ ပူးတွဲထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ကုန်သွယ်ရေးပြန်စနေပြီလို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

ကျောက်မဲမှာ စစ်ကောင်စီတပ် ဖမ်းဆီးပြီး မန္တလေး အိုးဘိုထောင်ကို ပို့လိုက်တဲ့ တအာင်းအမျိုးသမီးငယ် တစ်ဦး ၂ လကြာတဲ့အထိ ပြန်မလွှတ်လာသေး

ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် ၇ မှာနေထိုင်တဲ့ တအာင်း (ပလောင်) လူမျိုးဖြစ်တဲ့ လွေးအီဌေးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန် ၂ လကြာတဲ့အထိ ပြန်လွှတ်လာခြင်းမရှီသေးဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။