မူဆယ်မြို့က ရပ်ကွက် (၉) ခုမှာ မူးယစ်ဆေးဝါး လက်လီ လက်ကားဆိုင်ဖွင့်ဖို့ ဟန့်တားသူမရှိတာကြောင့် မကြာမီ စတင်ဖွင့်လှစ်တော့မည်

စစ်ကောင်စီထိန်းချုပ်တဲ့ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လူမှုကွန်ယက်ပေါ် လူပြောများနေတဲ့ မူဆယ်မြို့ပေါ်က ရပ်ကွက်(၉) ခုမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့စပြီး စတင်ဖွင့်လှစ်မယ့် မူးယစ်ဆေးဝါး လက်လီလက်ကားဆိုင်နဲ့ ပတ်သက်ပြီး တောင်ကြီးရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲချုပ်ရုံးက တစုံတရာ အမိန့်ပေးဟန့်တားသူ မရှိတာကြောင့် စတင်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း ရဲသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

လားရှိုးမြို့ပေါ်ရှိ မဟာဗောဓရုံ ကျောင်းတိုက်က ဘုန်းကြီးတစ်ပါးကို လူတစ်စုက ဝင်ရောက်သတ်ဖြတ်

စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့‌ပေါ်ရှိ မဟာဗောဓရုံကျောင်းတိုက်က ဘုန်းကြီးတစ်ပါး အသတ်ခံရတယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ အရပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ငပိအိုးရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘီးလင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မြေးအဖွား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃)က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ အလူးကြီးအနောက်ခြမ်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာထဲက မြေးအဖွား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီး ထိခိုက်ပျက်စီးမှုရှိ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏကျွန်းမြို့နယ်နဲ့ မင်းပြားမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်လို့ စတားလင့် အသုံးဆောင်ပစ္စည်းနဲ့ အဆောက်အဦးတချို့တို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကိုးကန့်တပ်က လောက်ကိုင်ကနေ နယ်စပ်ကုန်သွယ်ရေး ချင်းရွှေဟော်အထိ လမ်းတိုးချဲ့ဆောက်လုပ်နေ

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ဒေသ လောက်ကိုင်မြို့ကနေ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ ချင်းရွှေဟော်အထိ ဆက်သွယ်ထားတဲ့ ၁၈ မိုင် (၃၀ ကီလိုမီတာ) အရှည်ရှိ လမ်းကို တိုးချဲ့ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတြာ‌ချေဖို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ခေတ္တ ဝင်ရောက်တည်းခိုနေစဉ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

မန္တ လေးတိုင်း မန္တလေး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဗိုလ်ချုပ်ကြီး မင်း‌အာင်လိူင်က မန္တလေး မင်းဝတ်တန်ဆာဝတ်ဆင်ပြီး ယတြာချေဖို့ ခေတ္တတည်းခိုးစဉ် ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မူဆယ်မြို့နယ် ခိုတင်ရွာမှာ ကျားဖျန့်ဂိုဏ်းတွေ လာရောက်အခြေလာချနေပြီး လက်နက်ကိုင်အချို့က လုံခြုံရေးယူပေးနေ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုတင် (ခိုတေင်) ကျေးရွာအနီးမှာ ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လာရောက်အခြေလာချနေပြီး လက်နက်ကိုင်တပ်အချို့က လုံခြုံရေးယူပေးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ဝက်လက်နယ်ထဲ အသေခံဒရုန်းနဲ့ ဗုံးကြဲခံရပြီး အရပ်သား ၂ ဦးဒဏ်ရာရ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကံရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆေးဝါး လုံလောက်မှု မရှိလို့ ရှားတောမြို့နယ်က စစ်ရှောင်ကလေးငယ်တွေ အရေပြားရောဂါ ဖြစ်ပွါးနေပြီး ကူးစက်မှုမြန်ဆန်နေ

ကရင်နီပြည်နယ် ရှားတောမြို့နယ်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်အများစုဟာ အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ Ku Reh က ရွှေဖီမြေကို ပြောပါတယ်။