Browsing Category
သတင်း
3046 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
မြိုင်နဲ့ ပခုက္ကူမြို့နယ်အစပ်မှာရှိတဲ့ စစ်ရှောင်တွေ နေထိုင်တဲ့ တဲနဲ့ တော်လှန်ရေးတပ်ရဲ့ ကျောက်တိုင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်မှာရှိတဲ့ စစ်ရှောင်တွေ နေထိုင်တဲ့ တဲနဲ့ တော်လှန်ရေးတပ်ရဲ့ ကျောက်တိုင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်က ဂိမ်းရုံတစ်ခုမှာ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်တွေက ဝိုင်းရိုက်လို့ သေဆုံးပြီး အလောင်းဖျောက်ထား၊ ဂိမ်းရုံတော့ ဆက်လက်ဖွင့်နေဆဲ
စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ဂိမ်းရုံတစ်ခုမှာ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်တွေက ဝိုင်းရိုက်လို့ သေဆုံးသွားခဲ့တယ်လို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်က အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင် မြီရှောက်ချန်းရဲ့ သားဖြစ်သူနဲ့ မြေးအပါအဝင် ၁၁ ဦးကို တရုတ်သေဒဏ်စီရင်
စစ်ကောင်စီက တရုတ်ကို လွှဲပြောင်းပေးခဲ့တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင် မြီးရှောက်ချန်းရဲ့ သားဖြစ်သူနဲ့ မြေးဖြစ်သူအပါအဝင် ကျားဖြန်လုပ်ငန်းမှာ ပါဝင်ပတ်သက်သူ ၁၁ ဦးကို သေဒဏ်ပေးလိုက်ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနမှာ ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ သီပေါနဲ့ ကျောက်မဲက ဒေသခံအများစု ပြန်မလွှတ်သေး၊ ဖမ်းဆီးခံရသူတွေ လွှတ်မြောက်ဖို့ TNLA ဘက်က ဆောင်ရွက်ပေးဖို့ လူထုတွေ တောင်းဆို
တအာင်းတပ်မတော်- PSLF/ TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံရတဲ့ ကျောက်မဲနဲ့ သီပေါမြို့က ဒေသခံတွေအများစုဟာ လက်ရှိအချိန်အထိ ပြန်လည်လွှတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုးကန့်ဒေသမှာ ကျားဖြန်နဲ့ မူးယစ်ဆေးဝါးတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ပြော
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ မူးယစ်ဆေးဝါးတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ကိုးကန့်တပ်ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းတာရွှင်က ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်နယ်မြေက ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထပ်မံသေဆုံးသွားခဲ့တယ်လို့ KNU က မနေ့ ဇန်နဝါရီ ၂၇ ရက် ညမှာ ထုတ်ပြန်ထားပါတယ်။