Browsing Category
သတင်း
615 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
စစ်တွေမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ စစ်သုံ့ပန်း ၂၀၀ ခန့်ကို AA က ပြန်လွှတ်ပေး
ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်- AA တို့ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးအခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး KNDF ထံ ဘက်ပြောင်းခိုလှုံ
ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး KNDF ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ရဲ့ ဗဟိုနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။
စစ်ရေးအရှိန် လျှော့ချဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ရေးအရှိန် လျှော့ချဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
TNLA တပ်သားတွေ ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ နမ့်ခမ်းက ဒေသခံ ၂ ဦးကို လာရောက်တောင်းပန်ပြီး နှစ်ဖက်အကြား ပြေလည်မှုရ
တအာင်းတပ်မတော်- TNLA ရဲ့ တပ်သားတွေက ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာက အသက် ၄၅ နှစ်အရွယ် ရွာအုပ်ချုပ်ရေးမှူး တာနိုင်ကျင်နဲ့ တာအနေအျကို TNLA တပ်သားက လာရောက် တောင်းပန်ခဲ့ပြီး နှစ်ဦးနှစ်ဖက်အကြား ပြေလည်မှု ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။