Browsing Category
သတင်း
608 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်၊ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာရ
ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ဆီက သိရပါတယ်။
တပ်သား ၂ ဦး ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံးမှုဟာ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကြောင့်ဆိုပြီး MNDAA က အမျိုးသမီးငယ်ကို လဝက်ကျော်ကြာ ဖမ်းဆီးထား
ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် လုံမွန်းကျေးရွာက ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ကိုးကန့်တပ်- MNDAA က လဝက်ကျော် ကြာတဲ့အထိ ဖမ်းဆီးထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
နောင်ချိုမြို့နယ်ထဲက TNLA လက်လွှတ်ထားရတဲ့ နေရာတချို့မှာ ပြန်လည် ထိုးစစ်ဆင်၊ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ TNLA က လက်လွှတ်ထားရတဲ့ နေရာတချို့မှာ ထိုးစစ်ဆင်တာတွေ ပြန်လုပ်နေပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဟိုပုံးမှာ ပြည်ပရောက် လူငယ်တွေကို PNA က ခြိမ်းခြောက်ပြီး စစ်မှုထမ်း ခေါ်ယူ၊ စစ်မှု မထမ်းရင် နေအိမ် ချိတ်ပိတ်မယ်လို့ပြော
ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်မှာ ပြည်ပရောက် လူငယ်တွေကို စစ်မှုထမ်းစာရင်း ကောက်ခံထားပြီး ပြန်မလာတဲ့သူတွေကို နေအိမ် ချိတ်ပိတ်မယ်လို့ ပအိုဝ်းပြည်သူ့စစ်- PNA က ခြိမ်းခြောက်ထားပါတယ်။