ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်ချေမှုန်း၊ စစ်သား ၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ဖြူးမြို့နယ်ထဲက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ် အခြေချ တပ်စွဲထားတဲ့ ဂိတ်စခန်း ၇ ခုကို တောင်ပိုင်းစစ်‌‌ဒေသ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ခံတပ်နဲ့ ကရင်တပ်မတော်- KNU/KNLA ပူးပေါင်းတပ်‌ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်မှာတိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ သားအဖ ၂ ဦး ဆိုင်ကယ် မှောက်လို့ ဖခင် သေဆုံးပြီး ၄ နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရ

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်မှာ သားအဖ ၂ ဦး ဆိုင်ကယ် တိမ်းမှောက်လို့ အဖေဖြစ်သူက သေဆုံးခဲ့ပြီး သားဖြစ်သူက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွားရောက် ကူညီပေးခဲ့သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်‌သား ၂၃ ဦးကို CDF Asho က လက်နက်ခဲယမ်းနဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)က လက်နက်ခဲယမ်း‌နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ CDF Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုချင်းက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမှာ အိမ်ငှားခတွေ ထိုင်းနိုင်ငံထက် ဈေးနှုန်း မြှင့်တက်လာ၊ စစ်ရှောင်တွေ အခက်တွေ့နေ

ရှမ်းတောင် တောင်ကြီးမြို့မှာ ၂၀၂၅ ခုနှစ်အတွင်း အိမ်ငှားခ စံချိန်တင် မြှင့်တက်နေပြီး ထိုင်းနိုင်ငံက ဈေးနှုန်းထက် ပိုမြှင့်လာနေတယ်လို့ တောင်ကြီးဘက် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ‌၆ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချောင်းဦး PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ လာအပ်ဖို့ မင်းတပ်ဒေသခံတွေကို CDF မင်းတပ် သတိပေး

ချင်းပြည်နယ် မင်းတပ်မြို့ထဲ နေထိုင်တဲ့ ဒေသခံတွေ လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ကိုင်ဆောင်ထားတာရှိရင် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ လာရောက်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က မနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

၅ နှစ်အောက် ကလေးငယ်၊ ကလေးမိခင်နဲ့ ကိုယ်ဝန်ဆောင် မိခင်အတွက် အရေးပေါ် ဆေးရုံတက် ကုန်ကျစရိတ် THO က ထောက်ပံ့မယ်

တအာင်းဒေသက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးနဲ့ အရေးပေါ် ကလေးမွေးဖွားတဲ့မိခင်၊ ကိုယ်ဝန်ဆောင် မိခင်တွေကို အရေးပေါ်ဆေးရုံတက်ဖို့ လိုအပ်လာရင် တအာင်းကျန်း‌မာရေး အဖွဲ့အစည်း- THO က ဆေးရုံတက် ကုန်ကျစရိတ်နဲ့ စားစရိတ် ခရီးစရိတ်ကို ထောက်ပံ့ပေးမယ်လို့ THO က ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပစ်ရပ်ပြီးနောက် လောက်ကိုင်က ဒေသခံတွေ နေရပ်ပြန်လာနေ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ အပစ်ရပ်ပြီးနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ်ကဒေသခံအများစုဟာ နေရပ်ပြန်လာကြပြီလို့ စုံစမ်းသိရပါတယ်။

လိုင်ဇာ ဂျဲယန်စစ်ရှောင်စခန်းက ပြန်ပေးဆွဲခံထားရတဲ့ ကလေးငယ် ၃ဦး သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံတစ်ဦးကို ဖမ်းမိ

လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားပြီး ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ကလေးငယ် ၃ဦးဟာ သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံကိုလည်း ဖမ်းမိထားကြာင်း ဒေသခံတွဆီက သိရပါတယ်။

မူဆယ်မြို့ လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွား၊ တစ်ပတ်အတွင်း လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်နေ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ မူဆယ်မြို့က လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှု ဖြစ်ပွားပြီး တစ်ပတ်အတွင်း မူဆယ်မှာ လုယက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွါးထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။