မန္တလေးဘက် စစ်ဘေးရှောင်တဲ့ ကျောက်မဲ ဒေသခံတွေ ငလျင်ဘေး ထပ်ခံရပြီး အကူအညီ လိုအပ်နေ

မန္တလေးဘက် စစ်ဘေးရှောင်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့က စစ်ရှောင် ဒေသခံတွေဟာ ငလျင်ဘေး ထပ်ကြုံရလို့ အကူအညီ လိုအပ်နေပါတယ်။

မတူပီမြို့ထဲ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ၅ ဦး ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပါစတာတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရပြီး လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

သီပေါ-လားရှိုးလမ်း ကိုးကန့်တပ် ပိတ်ထား

ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ သီပေါကနေ လားရှိုးဘက် တက်လာတဲ့ လမ်းမကြီးကို ကိုးကန့်တပ်- MNDAA က ပိတ်ထားပြီး သီပေါကနေ ကျောက်မဲဘက် အဝင်အထွက်ကိုလည်း တအာင်းတပ်- TNLA က ယာယီ ပိတ်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ် လားရှိုးမြို့ထဲ ဝင်လာနေလို့ လားရှိုး-သီပေါလမ်း ယာယီ ပိတ်ထား၊ မြို့တွင်းထဲ တိတ်ဆိတ်နေ

ဒီနေ့ ဧပြီ ၁၈ ရက်မှာ လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ဝင်ရောက်လာနေလို့ လားရှိုး-သီပေါလမ်းကို ယာယီ ပိတ်ထားပြီး လားရှိုးမြို့တွင်းလည်း ပုံမှန်ရက်တွေထက် တိတ်ဆိတ်နေတယ်လို့ လားရှိုးမြို့တွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ နိုင်ကျဉ်း ၅ ရာခိုင်နှုန်းခန့်သာ ပါဝင်

စစ်ကောင်စီက အကျဉ်းထောင်က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းခန့်သာ ပါဝင်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လားရှိုးမှာ အုပ်ချုပ်ရေးအဖွဲ့တွေကို ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ ကိုးကန့်တပ် အသိပေးထား၊ စစ်ကောင်စီ အုပ်ချုပ်ရေး စဝင်မယ်

ရှမ်းမြောက် လားရှိုးမြို့ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော်- MNDAA ဟာ အုပ်ချုပ်ရေးအဖွဲ့တွေကို လာမယ့် ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ အသိပေးထားတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှာ ပါဝင်နေသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

မင်းတပ်မြို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ် ၇ လုံး ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့မှာ မနေ့ ဧပြီ ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်အရှေ့ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရ (Edit- 11:33 AM)

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် မနက် ၁ဝ နာရီ ၈ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နှစ်သစ်ကူးနေ့မှာ အကျဥ်းသား ၅ ထောင်နီးပါးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

ဒီနေ့ ဧပြီ ၁၇ ရက်မှာ ကျရောက်တဲ့ နှစ်သစ်ကူးနေ့မှာ အကျဥ်းသား ၅ ထောင်နီးပါးကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။