သိန္နီမြို့အဝင်အထွက်ကို ကိုးကန့်တပ် စစ်ဆေးမှုတင်းကြပ်၊ ကားတွေ နာရီနဲ့ချီ စောင့်ဆိုင်းရ

ရှမ်းမြောက် သိန္နီမြို့အဝင်အထွက်ကို ကိုးကန့်တပ်မတော်-MNDAA က စစ်ဆေးမှုတွေ တင်းကြပ်နေပြီး ဖြတ်သန်းသွားလာခွင့်ရဖို့ ကားတွေ နာရီနဲ့ချီ စောင့်ဆိုင်းနေရတယ်လို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုး ရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးဟာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

တမူးမြို့နယ်မှာ PDF တွေရဲ့ ညအချိန်မတော် တပ်သားစုဆောင်းမှုကို ဒေသခံအမျိုးသမီးတွေ ကန့်ကွက်ဆန္ဒပြ

အလင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တမူး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ…

တောင်သာမြို့နယ် ပဲခင်းကျော်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအပါ နေအိမ် ၅၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား

မန္တလေးတိုင်း တောင်သာမြို့နယ် ပဲခင်းကျော်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် နေအိမ် ၅၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက သတင်းထုတ်ပြန်ထားပါတယ်။

UWSA က တပ်ဖွဲ့ဝင် ကြီး၊ငယ် ဘယ်သူမဆို အများရှေ့မှာ ချမ်းသာကြွယ်ဝမှု ပြသခြင်းကို ရှောင်ရှားဖို့ ညွှန်ကြား

“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA က ပြည်သူလူထုတွေ ချွေတာနေရတဲ့အချိန်မှာ ချမ်းသာကြွယ်ဝမှုကို အများရှေ့ပြသခြင်း၊ ဇိမ်ခံခြင်း၊ အခမ်းအနား ကြီးကျယ်စွာကျင်းပခြင်းတွေကို ရှောင်ရှားဖို့ တပ်ဖွဲ့ဝင် အဆင့်ဆင့်ထံ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

မိုးကုတ်ဘက်ကို စစ်ကောင်စီတပ်က စစ်ကားအစီးရေ ၃၀ နဲ့ စစ်အင်အားတွေ ထပ်ပို့

တရုတ်အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်က စစ်ကား ၃၀စီး နဲ့ စစ်အင်အားတွေ ထပ်ပို့ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။