လားရှိုးမှာ မဲစာရင်းလာကြည့် သူနည်းပါးလို့ နေအိမ်အထိ မဲစာရင်းလိုက်ပြ၊ မူဆယ်မှာလည်း လူဦးရေစာရင်းလာပေးဖို့ ဖိအားပေး

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစုက စိတ်မဝင်စားတာကြောင့် စစ်ကောင်စီရဲ့ ရဲနဲ့ ထွေအုပ်တို့ ပေါင်းပြီး နေအိမ်အထိ မဲစာရင်းလာပြနေရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ရေးအရှိန်မြှင့်ဖို့ ပခုက္ကူမှာ အခြေစိုက်တဲ့ Local PDF ၂ ဖွဲ့က အညာမြေတပ်ပေါင်းစုထံ လာရောက်ပူးပေါင်း

မကွေးတိုင်း မြိုင်၊ ပေါက်၊ ပခုက္ကူနဲ့ ဆိပ်ဖြူ စတဲ့မြို့နယ်တွေမှာ စစ်ရေးအရှိန်မြှင့်ဖို့ ပခုက္ကူမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ (Local PDF) ၂ ဖွဲ့က အညာမြေတပ်ပေါင်းစုတို့နဲ့ ပူးပေါင်းလိုက်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

စံပါယ်နံ့သာဂိတ်မှာ စစ်ကောင်စီတပ်က တန့်ဆည်က ဒေသခံ ၁၁ ဦးကို ဖမ်းဆီးသွားပြီး ၄ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စံပါယ်နံ့သာက စစ်ကောင်စီတပ်ရဲ့ အထိုင်ဂိတ်မှာ တန့်ဆည်မြို့နယ်က ဒေသခံ ၁၁ ဦးကို ဖမ်းဆီးသွားပြီး ၄ ဦးကို သတ်ဖြတ်လိုက်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ချောင်းဦးမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတစ်ဦးကို သတ်ဖြတ်သွားတာအပြင် နေအိမ်တွေကိုပါ မီးရှို့သွား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်သွားတဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ကွတ်ခိုင်မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေထဲက ၆ ဦးကို ပြန်ဖမ်းမိ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့က အချုပ်ခန်းကနေ ထွက်​ပြေးသွားတဲ့ အကျဥ်းသားတွေထဲက ၆ ဦးကို ပြန်ဖမ်းမိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဝက်လက်က နတ်မှော်ဦးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၂ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နတ်မှော်ဦးကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

SSPP ရဲ့ ထိန်းချုပ်နယ်မြေထဲက ကျားဖြန်ငွေလိမ်ဂိုဏ်း စီးနင်းခံရ၊ ကျားဖြန်လုပ်ကိုင်သူ ၂၈ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီထုတ်ပြန်

ရှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီးမှာ ကျားဖြန်လုပ်ငန်းလုပ်ကိုင်နေသူ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက မနေ့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ပင်လောင်းမှာ အ‌အေးဒဏ်တွေကြောင့် စစ်ရှောင်စခန်းက သက်ကြီး ၆ ဦး သေဆုံး

ရှမ်းတောင် ပင်လောင်းမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ အအေးဒဏ်တွေကြောင့် သက်ကြီးရွယ်အို ၆ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းရယ်မြို့အထွက်မှာ ကုန်ကားတွေကို ဖြတ်သန်းခွင့် မပေးတာကြောင့် ကား အစီး ၅၀ ကျော် ပိတ်မိနေ

စစ်ကောင်စီတပ် အုပ်ချုပ်နေတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့အထွက်က ဂိတ်တစ်ခုမှာ ကုန်ကားတွေကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် မပေးတာကြောင့် ကား အစီးရေ ၅၀ ကျော် ပိတ်မိနေတယ်လို့ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန်ပိတ်ဆို့ထားတဲ့ သီပေါတံတား လက်ရှိအချိန်ထိ ပြန်မဖွင့်သေး

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန်ပိတ်ဆို့ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လက်ရှိအချိန်ထိ ပိတ်ထားနေဆဲဖြစ်ကြောင်း သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။