Browsing Category
ပြည်တွင်းသတင်း
3004 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
ရွှေဘိုမြို့နယ် သစ်ချိုပင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ ၇ နှစ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံး
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သစ်ချိုပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာကြောင့် ၇ နှစ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ Wetlet Information Network ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မိုးကုတ်-မိုးမိတ်လမ်း ၅ မိုင်ဂိတ်မှာ စစ်ကောင်စီတပ်က လီဆူလူမျိုးကို စစ်ဆေးမှု တင်းကြပ်၊ ဖမ်းဆီးခံရသူ ၄ ဦးထက်မနည်းရှိ
စစ်ကောင်စီတပ်ဟာ မိုးကုတ်-မိုးမိတ်လမ်းကို ထိန်းချုပ်ခွင့် ရပြီးနောက် မိုးကုတ်-မိုးမိတ်လမ်း ၅ မိုင်ဂိတ်မှာ လီဆူလူမျိုးကို စစ်ဆေးမှု တင်းကြပ်နေပြီး ဖမ်းဆီးခံရသူ ၄ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေကို အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေ
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ ဈေးချိုနဲ့ လမ်းသွယ်တချို့မှာ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်က ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသူတွေကို ဒီနေ့ မနက် ဒီဇင်ဘာ ၄ ရက်အထိ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးရှာဖွေခဲ့ကြောင်း မြို့ခံအမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။