မြောက်ဦးမြို့ ဆေးရုံကြီး ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၃၃ ဦးတိုးလာပြီး ဒဏ်ရာရသူလည်း ၇၆ ဦးအထိရှိလာ

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီး ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၃၃ ဦးတိုးလာပြီး ဒဏ်ရာရသူလည်း ၇၆ ဦးအထိ ရှိတယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

PSLF/TNLAက တပ်ဖွဲ့ဝင် (၅၀၀) ကျော်နဲ့ အပတ်စဉ် (၆၈) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

တပ်ဖွဲ့ဝင် (၅၄၃) ဦးတက်ရောက်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို တောတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ တအာင်းတပ်က မနေ့ ဒီဇင်ဘာ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။

အရပ်သားတွေ ဆေးကုနေကြတဲ့ မြောက်ဦးမြို့ ဆေးရုံကြီးပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃၁ ဦးသေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့ ဆေးရုံကြီးပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုနေတဲ့ ဒေသခံ ၃၁ ဦးသေဆုံးခဲ့ပြီး ၆၀ ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ စစ်ကောင်စီ စစ်ကြောင်း ရောက်ရှိလာ

ချင်းညီနောင် (CB) သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ အင်အား (၃၀၀) ကျော်ပါတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ရောက်ရှိနေပြီလို့ ရှေ့တန်းစစ်ရေးသတင်းမြစ်တွေက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ မိုးကုတ်က မြို့ခံတွေ နေရပ်ပြန်မလာသေး

တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီလက်အောက်ပြန်ရောက်သွားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့က မြို့ခံအများစုဟာ နေရပ်ပြန်မလာကြသေးဘူးလို့ ​သိရပါတယ်။

သီပေါမှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်တယ်ဆိုပြီး အမျိုးသမီး ၂ ဦး ထပ်မံဖမ်းဆီးခံရ၊ ခုထိပြန်မလွတ်သေး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးအင်အားစုတွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံအမျိုးသမီး ၂ ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ ဒီဖြစ်စဉ်ကို သ်ိရှထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးနေ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) က အသက် ၅ နှစ်အောက် ကလေးတွေကို မနေ့ ဒီဇင်ဘာ ၉ ရက်ကနေ မနက်ဖန် ၁၁ ရက်နေ့အထိ ၃ ရက်တိတိ ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မြေတူးစက် တင်တဲ့ကားတစ်စီး နမ့်ဆန်ထဲက အိမ်တစ်အိမ်ကို ဝင်တိုက်တာကြောင့် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နေအိမ်တစ်လုံး ပျက်စီး

တအာင်းဒေသ နမ့်ဆန်မြို့မှာ မြေတူးစက်ကို တင်လာတဲ့ ကားတစ်စီးက အိမ်တစ်အိမ်ကို ဝင်တိုက်တာကြောင့် နေအိမ်ပျက်စီးတဲ့အပြင် အိမ်ရှင်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ချောင်းဦးမြို့နယ် ကျီးကုန်းရွာက မကျန်းမာတဲ့ အဘိဝံသဘွဲ့ရ ဆရာတော်တစ်ပါးနဲ့ အခြားသံဃာတစ်ပါးအပါဝင် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာက အဘိဝံသဘွဲ့ရ ဆရာတော်တစ်ပါးနဲ့ အခြားသံဃာတော်တစ်ပါးအပါဝင် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့တယ်လို့ Monywa Revolution -MR က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရာတော်မှာ ရိက္ခာလာသယ်တဲ့ ပျူစောထီး ၁၂ဦးထဲက ၈ ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းမိထားတယ်လို့ ဆို

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ညောင်ဒူးလေးရွာမှာ ရိက္ခာလာသယ်တဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၁၂ ဦးထဲ ၈ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း၂၁ တပ်ခွဲ၂က သတင်းထုတ်ပြန်လာပါတယ်။