လူအစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ မြောက်ဦး ဗုံးကြဲမှုအပြီး နောက်တစ်ရက် ကျောက်ဖြူမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်လို့ ၈ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ဒဏ်ရာရ

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့ ဆေးရုံကို ဗုံးကြဲပြီး နောက်တစ်ရက် ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပုံးနဲ့ တောင်ကြီးလမ်းမှာ ကုန်ကားတစ်စီးကို စစ်တပ်နဲ့ PNOတပ်က ငွေကျပ်သိန်းချီ တောင်းခံနေ

ရှမ်းတောင် ဟိုပုံးနဲ့ တောင်ကြီးလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့က ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတစ်စီးကို ငွေ သိန်းချီတောင်းခံနေတယ်လို့ ကြုံခဲ့သူ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်က လီဆူဒေသခံ ၃ ဦးကို ဆယ်ရက်ကြာတဲ့အထိ စစ်ကောင်စီတပ်က ဖမ်းဆီးထား၊ မိသားစုဝင်တွေ ပေးမတွေ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ မိုးကုတ်မြို့နယ်ထဲက ပိန်းပြစ်ရွာခံ လီဆူလူမျိုး ၃ ဦးကို ဂိတ်စောင့်တဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့အနီးမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ရဲ့ လက်နက်တချို့လည်း သိမ်းဆည်းရမိ

ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားတဲ့ ချင်းပြည် ဖလမ်းမြို့အနီးမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့ စစ်ကောင်စီလက်အောက်ပြန်ရောက်သွားတဲ့ မိုးကုတ်မြို့မှာ ဆေးရုံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၆ လုံးပစ်ခတ်ရာ အကုန်လုံးပေါက်ကွဲပြီး လုံခြုံရေး ၆ ဦးသေဆုံးခဲ့တယ်လို့ ဆို

ပဲခူးတိုင်း တောင်ငူမြို့ရဲ့ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်ခဲ့ရာ အကုန်လုံးပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar(B.W.M)က မနေ့ ဒီဇင်ဘာ ၁၀ ရက်မှာထုတ်ပြန်လာပါတယ်။

စဥ့်ကူးမြို့နယ်ထဲ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီစစ်ကြောင်း လက်ပန်လှရွာနဲ့ ၅ မိုင်အကွာကို ရောက်ရှိလာ

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူး​မြို့နယ်ထဲကို စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ပန်လှနဲ့ ၅ မိုင်အကွာ စစ်ကောင်စီတပ် ရောက်လာနေတယ်လို့ သိရပါတယ်။

ဖားကန့်မှာ မြေစာပုံပြိုကျလို့ အမျိုးသားနှစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျလို့ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်- တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီဆက်လက်ထိုးစစ်ဆင်နေ၊ စစ်ကောင်စီစစ်ကြောင်း ရွှေသဲရွာအထိ ရောက်ရှိနေ

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ရှမ်းမြောက် မိုးမိတ်မြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မိုးမိတ်- တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။