စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေက ဦးဇင်းတစ်ပါးနဲ့ အရပ်သား ၃ ဦးထိမှန်သေဆုံး

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေက ဦးဇင်းတစ်ပါးနဲ့ အရပ်သား ၃ ဦးထိမှန်သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

ရှမ်းမြောက် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပြချက်အရ သိရပါတယ်။

နမ့်ဖက်ကာက လင်မယားနှစ်ဦးကို ဓားနဲ့ ခုတ်သွားတဲ့ သံသယရှိသူ အမျိုးသားတစ်ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းမိထား

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးကို ဓားနဲ့ခုတ်သွားတဲ့ သံသယရှိသူ အမျိုးသားတစ်ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်ဒေသ ကွမ်းလုံမှာ လျှပ်စစ်ဓာတ်အားပေးဝေမှု အဆင့်မြှင့်တင်ဖို့ လျှပ်စစ်မီး ယာယီဖြတ်တောက်မယ်

ကိုးကန့်တပ်-MNTJP/MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ပေးဝေမှုစနစ်ကို မြင့်တင်ဖို့နဲ့ ဒေသအတွင်း လျှပ်စစ်မီး ပုံမှန်ရရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် လျှပ်စစ်မီးကို ယာယီဖြတ်တောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မတူပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ (၅) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်

ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာပေမယ့် လားရှိုးမှာ မဲဆွယ်စည်းရုံးရေးတွေ မတွေ့ရသေး

ရှမ်းမြောက် လားရှိုးမြို့မှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း (၁) မှာ ထည့်သွင်းထားပေမယ့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တာတွေ မတွေ့ရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမှာ မူးယစ်ဆေးဝါး သုံးစွဲသူ ပိုများလာပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း မူးယစ်ဆေး အကြောင်းပြပြီး ငွေတောင်းကြမ်းနေ

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ဖက်မှာ မူးယစ်ဆေး သုံးစွဲသူတွေ ပိုများလာပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း မူးယစ်ဆေးဝါးအကြောင်းပြပြီး ငွေတောင်းကြမ်းနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

လားရှိုး ရပ်ကွက် (၇)မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းက ဌာနဆိုင်ရာတွေဆီ တစ်လ သိန်း ၃၀၀ လိုင်းကြေးပေးကာ ဆက်ဖွင့်နေပြီး ရပ်ကွက်အတွက် အနှောက်အရှက်ဖြစ်နေ

စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၇) ၁၉ လမ်းမှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုဟာ ဌာနဆိုင်ရာတွေဆီ တစ်လ သိန်း ၃၀၀ လိုင်းကြေးပေးပြီး ဆက်ဖွင့်နေလို့ မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကောလင်းက လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းအရှေ့ခြမ်းက ကန်ပေါက်တာရွာနဲ့ တံဇူးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်ထဲ ဝင်လာသူတချို့ ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင် ပေးထားခဲ့ရ၊ မပေးရင် ငွေ ၃ သောင်းပေးဖို့ စစ်ကောင်စီတပ်ပြော

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ထဲ ဝင်လာတဲ့ လူထုတချို့ကို စစ်ကောင်စီတပ်က ပြင်ဦးလွင်နဲ့ မန္တလေးကြားက ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင်‌ ထားခိုင်းပြီး မထားရင် ငွေကျပ် ၃ သောင်း ပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။