၁၀၅ မိုင်မှာ ဗြုန်းကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး လူတွေ ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ဗြုန်းကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး လူတွေကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ပြောပါတယ်။

လားရှိုးမှာ လမ်းခွဲစကားပြောတဲ့ အမျိုးသမီးကို ရည်းစားဖြစ်သူ အမျိုးသားက ဓားထိုးမှုဖြစ်

လားရှိုးမြို့နယ်နဲ့နမ္မတူအဆက် မန်စံရေကျကျေးရွာမှာ ချစ်သူရည်စားဖြစ်သူ ၂ဦးက စကားများရာကနေ ဓားထိုးမှုဖြစ်ပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်​ကြောင့် စဥ့်ကူးမှာ တော်လှန်ရေးတပ်တွေ နယ်မြေဆက်တိုက်လက်လွှတ်နေရ

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဆက်တိုက်ထိုးဆင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်နယ်မြေတွေ လက်လွှတ်နေရတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

မုံရွာ (နမခ)သို့ အင်အားလာဖြည့်တဲ့ စက်တပ်လေထီး ၃ စီးထဲက ၁စီးပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) သို့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ အင်အားဖြည့်လာတဲ့ ဂျိုင်ရိုကော်ပါတာ(စက်တပ်လေထီး) ၃ စီးထဲက ၁စီးပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် အပြန်အလှန်ပိတ်ထားတဲ့ သီပေါတံတား ၁ လကြားတဲ့အထိ ပိတ်ထားဆဲ၊ လူနာသယ်ခွင့်ပါ မပေးတာကြောင့် ဒေသခံတွေ အခက်တွေ့

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန်ပိတ်ဆို့ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါတံတားကို ၁ လကြာတဲ့အထိ ပိတ်ထားနေဆဲဖြစ်ကြောင်း သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ်က စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့လို့ အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် စစ်ရှောင် ၄ ဦးသေဆုံး၊ ၁၀ ဦးနီးပါး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၄ ဦးသေဆုံးခဲ့ရပြီး ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦးသေဆုံး၊ ၁ ဦးပြင်းထန်ဒဏ်ရာရ

တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့ပြင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွါး

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ပခုက္ကူမြို့နယ် ကမ္မမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဘီလင်းမြို့နယ် ဖိုးဝသိမ်းရွာကို မဝင်ရောက်ခင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သား ၂ ဦးသေဆုံး၊ ဝင်ရောက်ပြီးနောက် ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးသတ်ဖြတ်

မွန်ပြည်နယ် ဘီလင်းမြို့နယ် ဖိုးဝသိမ်းရွာကို မဝင်ရောက်ခင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။