နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းနိုင်မှုဟာ တော်လှန်ရေးအရွေ့တစ်ခုဖြစ်တယ်လို့ SRA ပြော
ခိုင်မာကျယ်ပြန်တဲ့ နွေဦးတော်လှန်ရေးတပ်တစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး နိုင်ငံတဝန်းရှိ နွေဦးတော်လှန်ရေးတပ် ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။