စဥ့်ကူးနဲ့ ကျောက်မြောင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတားကို စစ်ကောင်စီပြန်ထိန်းချုပ်၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တစ်ခုလုံး ပြန်ရရေး ဆက်လက်ထိုးစစ်ဆင်နေ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို ပြန်ရပြီးနောက် စစ်ကောင်စီတပ်ဟာ စဥ့်ကူးနဲ့ ကျောက်မြောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတားကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

ပုလောက CDM ဆရာမနဲ့ သူရဲ့ခင်ပွန်း သတ်သွားသူတွေကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သွားတဲ့ တရားခံတွေ ဖမ်းဆီးရမိပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU ) မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲပိုပြင်းထန်လာတာကြောင့် မြစ်ကြီးနား-မန္တလေးကွင်းလမ်း ထပ်ပိတ်၊ ရာနဲ့ချီတဲ့ ကားတွေ သောင်တင်နေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့ လေကြောင်းဗုံးကြဲ ခံနေရတာကြောင့် မြစ်ကြီးနား-မန္တလေး သွားတဲ့ ကွင်းလမ်းကို ထပ်မံပိတ်လိုက်တယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးကုတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ပိန်းပြစ်လီဆူရွာခံ ၃ ဦး ပြန်လွှတ်လာ

မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ် ပြန်ဝင်ရောက်လာပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ပိန်းပြစ်လီဆူရွာက လီဆူလူမျိုး အမျိုးသား ၃ ဦး ပြန်လွှတ်လာပြီလို့ သိရပါတယ်။

အုတ်ဖိုမှာ ပေါ်တာလာဆွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခဲ့ရာ ဒု-ရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံး

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ပေါ်တာလာဆွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခဲ့ရာ ဒု-ရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲနဲ့ သီပေါမှာ စစ်ကောင်စီဝန်ကြီးက ဘုရားဆင်းတုတော်နဲ့ စလောင်းလာရောက် လှူဒါန်း

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေရဲ့ နေအိမ်အပါအဝင် ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမြို့တွေမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဘုရားဆင်းတုတော်နဲ့ MRTV စလောင်းလာရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် ဘုန်းကြီးကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ဘုန်းကြီးကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ နေရာ ၃ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိနိုင်

ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာဝန်းကျင်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်း​မြောက် လားရှိုးမြို့ရှိ နေရာ ၃ ခုထက်မနည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူမှာ သက်ငယ်အဓမ္မပြုကျင့်မှု ထပ်မံဖြစ်ပွါးပြီး ကျူးလွန်သူကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ထဲက နောက်ထပ်ကျေးရွာတစ်ခုမှာ သက်ငယ်အဓမ္မပြုကျင့်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။