တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်မှုထမ်းဖို့ စာရင်းကောက်ခံမှုတွေရှိနေ

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၎င်းတို့ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ တစ်အိမ်တစ်ဦးနဲ့ စာရင်းကောက်ခံမှုတွေ ရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ချီဖွေလမ်းမှာ ကားတစ်စီးက မြစ်ကမ်းပါးဖက် ပြုတ်ကျသွားတာကြောင့် ကျောင်းသားတစ်ဦး ဒဏ်ရာရပြီး နောက်ထပ် ကျောင်းသားတစ်ဦးနဲ့ ဆရာတစ်ဦး သေဆုံး

ကချင်ပြည်နယ် ချီဖွေမြို့အဝင် ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၆ နာရီ ဝန်းကျင်ခန့်က ကားတစ်စီး မြစ်ကမ်းပါးဖက် ပြုတ်ကျသွားတာကြောင့် ကျောင်းသားတစ်ဦး ဒဏ်ရာရပြီး ကျောင်းသားတစ်ဦးနဲ့ ဆရာတစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်ထဲမှာ လာမယ့်လထဲလက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်က နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်က ထိန်းသိမ်းခံနေရတဲ့ သူတို့ တပ်သားရှိတဲ့နေရာကို ဗုံးကြဲလို့ တပ်မိသားစုဝင်နဲ့ တပ်သားတချို့သေဆုံး

အာရက္ခတပ်တပ်တော် – AA ထိန်းချုပ်မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းထိန်းသိမ်းထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကြဲချခဲ့တာကြောင့် ဗုံးကြဲခံရတဲ့နေရာအနီးမှာရှိတဲ့ စစ်သုံ့ပန်းတွေနဲ့ တပ်ဖွဲ့မိသားစုဝင်တချို့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

ဘုရားသုံးဆူမြို့မှာ အသက်အပြည့်သေးတဲ့ ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ချစ်သူ‌ကောင်လေးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ အမျိုးသား ၄ ဦးက အဓမ္မပြုကျင့်ပြီး အလောင်းဖျောက်၊ ကျူးလွန်သူတွေကို KNU ဖမ်းဆီးထား

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ အသက်အပြည့်သေးတဲ့ ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ချစ်သူကောင်လေးနဲ့ ရပ်ကွက်အုပ်ရေးမှူးအပါ အမျိုးသား ၄ ဦးက အဓ္ဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်နဲ့ “ဝ” ပြည်ကို ဆက်ထားတဲ့ ဟိုပန် – ဖောင်ဆိပ်တံတားပေါ် သွားလို့ ရပြီ

ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ ဒေသနဲ့ နဲ့ “ဝ” တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ဒေသကို ဆက်သွယ်ထားတဲ့ ဟိုပန် – ဖောင်ဆိပ်တံတားကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ ၁ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ

မကွေးတိုင်း ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းက ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

ဒီပဲယင်းမြို့နယ်က ပျံကျရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တအာင်းတော်လှန်ရေးနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် PSLF/TNLA က အကျဥ်းသား ၁၅ ယောက်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပေး

(၆၃) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တအာင်းတပ် – PSLF/TNLA က ဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၅ ယောက်ကို ပြန်လွှတ်ပေးပြီး ၅၅ ဦးကို ပြစ်ဒဏ်လျှော့ပေးခဲ့တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖလမ်းမြို့နယ်က စစ်ကောင်စီ စခန်းကုန်းနှစ်ကုန်း သိမ်းပိုက်ရရှိပြီး နှစ်ဖက် ထိခိုက်မှုရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆုမ်းရန်းရွာမှာ စစ်ကောင်စီတပ်မှ နေရာယူ တပ်စွဲထားတဲ့ စခန်းကုန်းနှစ်ခုကို ချင်းတော်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းက ရွှေဖီမြေကို ပြောပါတယ်။