တန့်ယန်းမြို့နယ်က မူးယစ်ဆေး သုံးစွဲသူကို SSPP က ဖမ်းဆီးပေမဲ့ ငွေပေးရင် ပြန်လွှတ်ပေးနေ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှ အမျိုးသားအများစုဟာ မူးယစ်ဆေး သုံးစွဲနေကြပြီး ရှမ်းတပ်မတော်- SSPP/SSA ကို တိုင်ကြားရင် လာရောက် ဖမ်းဆီးတာ ရှိပေမဲ့ ငွေပေးရင် ပြန်လွှတ်ပေးနေတယ်လို့ ဖြစ်စဥ္သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။