စစ်ကိုင်းက အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တိုက်ခိုက်ခံရ၊ တပ်တွင်းအချုပ်သား ၂ ဦးအပါ စစ်သား ၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ်ကို Brave Warriors for Myanmar (BWM) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် တပ်တွင်းအချုပ်သား ၂ ဦး အပါအဝင် စစ်သား ၈ ‌ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

လားရှိုး နမ့်လုတ်ရွာအနီး SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

ရှမ်းမြောက် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီး ရှမ်းတပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ နာရေးကို ကျန်ရစ်သူ တော်လှန်ရေးတပ်ဖွဲ့တွေ ပြုလုပ်

မန္တလေးမြို့နယ်က မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုဦးဆောင်အဖွဲ့ဝင် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းဟာ တိုက်ပွဲအတွင်း ရန်သူရဲ့ကျည် ထိမှန်လို့ ကျဆုံးခဲ့တယ်လို့ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးကြောင့် ငလျင်ဒဏ်သင့် ဖြိုလက်စ အဆောက်အဦးတစ်လုံး ပြိုကျ၊ လူတစ်ဦး သေဆုံး

မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့် ဖြိုလက်စ အထပ်မြင့်အဆောက်အဦးတစ်ခုဟာ မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့ပြီး အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မေခမြစ်ရေ တက်လာလို့ ချီဖွေစစ်ရှောင်ရာနေရာ ရေမြှုပ်

ဧရာဝတီမြစ်ရဲ့ မြစ်ဖျားပိုင်းဖြစ်တဲ့ မေခမြစ်‌ဟာ ဒီ‌နေ့ မေလ ၃၁ ရက်နေ့မှာ ရေပိုကြီးလာလို့ ချီဖွေစစ်ရှောင်ရာနေရာတွေမှာလည်း ရေမြှုပ်လာတာအပြင် ဧရာဝတီမြစ်ပါ ရေတက်လာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လိမ်လည်ပြီး လားရှိုးပြည့်တန်ဆာရုံတစ်ခုသို့ ပို့ဆောင်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ရိုက်နှက်နှိပ်စက်ခံရ

ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လားရှိုးမြို့ရှိ ပြည့်တန်ဆာရုံတစ်ခုရဲ့ မန်နေဂျာဆိုသူက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။

သိန်း ၁ ထောင်နဲ့ မူဆယ်က အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာ ၃၈ မိုင် မန်ပိန်း ပြည်သူ့စစ်အဖွဲ့ဖြစ်နေ

တရုတ်မြန်မာနယ်စပ် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မင်းထိပ်ခေါင်လက်ဖက်ရည်ဆိုင် အနောက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ၃၈ မိုင် မန်ပိန်းပြည်သူ့စစ်အဖွဲ့ ဖြစ်တယ်လို့ ပြန်ပေးဆွဲခံရသူတွေနဲ့ နီးစပ်သူတွေထံ စုံစမ်းသိရှိရပါတယ်။

မိုးကုတ်မှာ ဆေးကြောင်ပြီး နေအိမ်ကို မီးပြန်ရှို့တာကြောင့် မီးလောင်ပြာကျ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ အမျိုးသားတစ်ဦးက ဆေးကြောင်ပြီး နေအိမ်ကို မီးရှို့တာကြောင့် နေအိမ်တစ်ခုလုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

မှိုကောက်ရင်း မိုင်းနင်းမိတဲ့ နမ့်ခမ်းက အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြတ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျိုးကျသွားတဲ့ သိန္နီတံတားကို MNDAA က မူလအတိုင်း ပြန်လည်ပြုပြင်ပြီးစီး

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းက ကျိုးကျသွားခဲ့တဲ့ ရှမ်းမြောက် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ သိန္နီမြို့အဝင် သိန္နီတံတားကို ကိုးကန့်တပ်မတော်-MNDAA တပ်က ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီလို့ ‌ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။