Browsing Category
သတင်း
1368 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ဆင်ဖြူဂိတ်မှာ ဖမ်းမိတဲ့ ကျောက်စိမ်း ကီလို ၃၀၀ ကို ရဲနဲ့ ဌာနဆိုင်ရာက နိုင်ငံတော်ထံ ကီလို ၅၀ သာအပ်ပြီး ကျန် ကီလို ၂၅၀ ကို ခွဲဝေယူ
တရုတ်-မြန်မာနယ်စပ် နှစ်နိုင်ငံဝင်ထွက်ပေါက်ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ တရုတ်ဖက်ဝင်မယ့် အိမ်စီးကားတစ်စီးကို မကဖ (၅)၊ CUSTOM၊ SB၊ CID နဲ့ နယ်ရဲ စတဲ့အဖွဲ့စုံက သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ ၃၀၀ ကီလိုရှိတဲ့ ကျောက်စိမ်းတွေကို ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
ယင်းမာပင်နယ် ကျေးစာကျရွာက ဒေသခံ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ဖမ်းဆီး
ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေအနီးမှာရှိတဲ့ ကျေးစာကျကျေးရွာက လူပေါင်း ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းပတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကား ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို ဖမ်းဆီး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ် ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ၂၄ နာရီကြာ ဖမ်းဆီးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။
မူဆယ်က ကျားဖြန့်ရုံတစ်ခုမှာ ခိုက်ရန်ဖြစ်ပွားရာကနေ တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် ကားလေးဝန်းအနီးရှိ ပြည်သူ့စစ်ပိုင် ကျားဖြန့်ရုံမှာ ပြည်သူ့စစ်ဖက်က ကြီးကြပ်သူနဲ့ ကျားဖြန့်နည်းပညာရှင် တရုတ်နိုင်ငံသားတို့ ခိုက်ရန်ဖြစ်ပွားပြီး တရုတ်နိုင်ငံသား နည်းပညာရှင်ဖက်က အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။