မူဆယ်ထဲမှာ လာမယ့်လထဲလက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်က နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သီပေါနဲ့ မိုင်းရယ်ကြားမှာ မူးယစ်ဆေးဝါး ချက်စက်ရုံနဲ့ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆက်တိုက်ဖမ်းဆီးရမိနေ

ရှမ်းမြောက် သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီတပ်က မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အံ့ဖွယ် တရားခံ မပေါ်တဲ့ မိုင်းရယ်က စံချိန်တင် ဘီလီယံ ထောင်နဲ့ချီ တန်ဖိုးရှိ မူးယစ်ဆေးဝါးထုတ်လုပ်ရေးစခန်းများ

ရှမ်းမြောက် မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲ ဖမ်းဆီးရမိတဲ့ ဘီလီယံ ထောင်နဲ့ချီ တန်ရှိဖိုးရှိတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောထားပေမဲ့ ဘယ်အဖွဲ့က ပါဝင်ပတ်သတ်မှု ရှိနေတယ်ဆိုတာကိုတော့ တိတိကျကျ ပြောကြားတာ မရှိပါဘူး။