စစ်ကောင်စီတပ် မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာကို TWO တောင်းဆို
စစ်ကောင်စီတပ်ကို မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဒေသမှာ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်တဲ့ “လုံခြုံမှုကင်းမဲ့သော ဘဝများ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။