မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ ဆ ပိုပေးနေရ

စစ်‌ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ဆ အထိ ပိုပေးနေရတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သိန္နီမြို့အဝင်က စိန်နဂါးပန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွား

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့အဝင်က စိန်နဂါးပန့်ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရေဖြူမြို့ပေါ်က ဌာနဆိုင်ရာရုံးနဲ့ မဲစာရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တို့ မီးရှို့ဖျက်ဆီးပြီးနောက် စစ်တပ်က အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်

တနင်္သာရီတိုင်း ရေဖြူမြို့ပေါ်က ဌာနဆိုင်ရာရုံးနဲ့ မဲစာရင်း‌တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၅ ဦး KNU ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး KNU ထံ တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၅ ဦး KNU ထံ အလင်းဝင်လာကြတယ်လို့ KNU က မနေ့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က မြောက်ဦးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုအပေါ် MNDAAနဲ့ TNLA ကန့်ကွက်ရှုတ်ချ၊ အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံကို ကျဆုံးအနိုင်အဖြစ် အဆုံးစွန်အထိ တွန်းပို့နေတာလို့ ထုတ်ပြန်

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်-MNDAA နဲ့ တအာင်းတပ် -TNLA တို့က ကန့်ကွက်ရှုတ်ချကြောင်း မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံး

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးရိုးမ PDF- ဗျူဟာ ၂၂ က မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ၁၆ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုက ကျေးရွာတစ်ခုမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံရသူရဲ့ မိသားစုဝင်တွေစီက သိရပါတယ်။

‌မုံရွာမြို့နယ် တောင်ခြမ်းက ပေါက်ပင်နဲ့ နဂါးတွင်းရွာက အရပ်သားနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့သွား

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်ခြမ်းက ပေါက်ပင်နဲ့ နဂါးတွင်းရွာက ‌အရပ်သားနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။