ရုတ်တရက် စံချိန်တင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရေးစခန်း ဖမ်းပြလာတာ တရုတ်ကြောင့်လား၊ နိုင်ငံရေးအမြတ်ထုတ်ခြင်းလား

စစ်ကောင်စီတပ်က ကမ္ဘာ့နိုင်ငံအများစုက အသိမှတ်ပြုထားခြင်းမရှိတဲ့ ရွေးကောက်ပွဲနဲ့အတူ ၂ဝ၂၆နှစ်အစ ဇန်နဝါရီလအတွင်းမှာပဲ ပိုင်ရှင်မပေါ်တဲ့ တန်ဖိုးပေါင်း ဘီလီယံများစွာရှိတဲ့ မူးယစ်ထုတ်လုပ်ရေးစခန်းကို ဖမ်းဆီးနေကြောင်း သတင်းတွေ ဆက်တိုက်ထုတ်ပြန်နေခဲ့သလို နိုင်ငံတကာမီဒီယာအချို့ကိုလည်း မြေပြင်ထိ ခေါ်ဆောင်သွားပြီး သူတို့ ဖမ်းဆီးရမိမှုကို ထုတ်ပြခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ရှောင်တွေနေထိုင်တဲ့ စခန်း ဗုံးကြဲခံရလို့ စစ်ရှောင် ၂ ဦးသေဆုံး၊ ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်က စစ်ရှောင်တွေ နေထိုင်တဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့မှာ အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဖလမ်းသို့ ရောက်ရှိလာ

ချင်းညီနောင် (CB) အဖွဲ့ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အင်အား ထမ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဗာလုံရွာနဲ့ ဇောင်ကောင်ရွာမှာ ရောက်ရှိနေပြီလို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မူဆယ်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ဦးက သေနတ်ချိန်ပြီး ဆိုင်ကယ် ယူပြေးသွား

‎စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်အမျိုးသား ၂ ဦးက ရပ်ထားတဲ့ ဆိုင်ကယ်ကို မောင်းပြေးသွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲမှုနဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်ဒေသက ဒေသခံ ၄ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ခလယ်လွီထူခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်၊ မုန်း(မူး)မြို့နယ်နဲ့ ပလာယာခရိုင် နို့တကောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာနဲ့ သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ KNU က မနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးကုတ်အရှေ့ပိုင်းရှိ စစ်တန်းကုန်းအနီးမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး သေဆုံး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်တန်းကုန်းလမ်းဆုံအနီးမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မော်ဘူးမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ ဦး ကျဆုံး

အင်းတော်မြို့နယ် မော်လူးမြို့‌မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေး (ပကဖ) တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လားရှိုးက ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်က အသက်ပြည့်တဲ့ လူငယ်စာရင်းတွေ လိုက်ကောက်၊ စစ်မှုထမ်းကောက်ဖို့လည်း ပြင်ဆင်နေ

ရှမ်းမြောက် လားရှိုးမြို့ထဲက ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က အသက်ပြည့်ပြီးတဲ့ လူငယ်တွေရဲ့ စာရင်းတွေကို လိုက်ကောက်နေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အောင်လံက မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ လသားကလေးငယ် အပါအဝင် ၅ ဦး အသက်ဆုံးရှုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာ မင်္ဂလာဆောင်မဏ္ဍပ် ဗုံးကြဲခံရလို့ လသားအရွယ် ကလေးငယ်တစ်ဦးအပါဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

သီပေါနဲ့ မိုင်းရယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၅ ခုကို ထပ်မံဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ပြော၊ မူးယစ်းဆေးဝါးစခန်းအနီးရှိ SSPP တပ်စခန်းကိုလည်း သိမ်းဆည်းရမိ

ရှမ်းမြောက် သီပေါနဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၅ ခုကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး မူးယစ်းဆေးဝါးထုတ်လုပ်ရေးစခန်းအနီး ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ စခန်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။