စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်နယ်မြေက ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထပ်မံသေဆုံးသွားခဲ့တယ်လို့ KNU က မနေ့ ဇန်နဝါရီ ၂၇ ရက် ညမှာ ထုတ်ပြန်ထားပါတယ်။