မယ်စဲ့ထောင်ကနေ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက ၈ ဦးကို အသေပစ်ခတ်ခဲ့ပြီး ၂ ဦး အရှင်ဖမ်းမိ
ကရင်နီ – ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သုံ့ပန်းအပါအဝင် အကျဉ်းသားတွေထဲက ၈ ဦးကို အသေပစ်ခတ်ခဲ့ပြီး ၂ ဦး အရှင် ပြန်ဖမ်းမိခဲ့တယ်လို့ IEC က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။