ရှမ်းမြောက် မူဆယ်၊ လားရှိုး၊ နမ့်ဆန်နဲ့နမ္မတူမှာ ဆီဆိုင်အားလုံး ပိတ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ် လားရှိုးနဲ့ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်နဲ့နမ္မတူမြို့နယ်မှာရှိတဲ့ ပန့်ဆီဆိုင်အားလုံးနီးပါး ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံအတွက် စက်သုံးဆီ ရက် ၄၀ စာ ကျန်သေးတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

မြန်မာနိုင်ငံအတွက် စက်သုံးဆီ ရက် ၄၀ စာ ကျန်ရှိနေသေးတာကြောင့် စက်သုံးဆီ ပြတ်လပ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားထားတဲ့ အသံဖိုင်ကို စစ်ကောင်စီရဲ့ လက်အောက်ခံမီဒီယာဖြစ်တဲ့ People မီဒီယာမှာ ဖော်ပြထားပါတယ်။

ဖားကန့်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေး ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့ ကလပ်ကုန်းလမ်းကြားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဖားကန့် မရှီကထောင်ရပ်ကွက်မှာ တိုက်ပွဲ ပြန်ဖြစ်

ကချင်ပြည် ဖားကန့်မြို့က ရပ်ကွက်တချို့မှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုမှာ ကျားဖြန့်လုပ်နေတဲ့ နိုင်ငံခြားသား ၄၀၀ နီးပါး စစ်ကောင်စီ ဖမ်းဆီးရမိ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုမှာ ကျားဖြန့်လုပ်နေတဲ့ နိုင်ငံခြားသား ၄၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ မတ်လ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

‎ရှမ်းအရှေ့နဲ့ရှမ်းမြောက်က မြို့နယ်အများစုမှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရ၊ မြို့နယ်တချို့မှာ ဝယ်ယူလို့ မရတော့

‎ရှမ်းအရှေ့နဲ့ ရှမ်းမြောက်က မြို့နယ်အများစုမှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ဝယ်ယူနေရပြီး မြို့နယ်တချို့မှာတော့ ဝယ်ယူလို့ မရတော့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းမြောက်က မြို့နယ်တချို့မှာ ဓာတ်ဆီ ပြတ်လပ်မှာကို စိုးရိမ်ပြီး ‌အလုအယက် ဝယ်ယူနေကြ

ရှမ်းမြောက် ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်မှာ ဓာတ်ဆီ ပြတ်လပ်သွားမှာကို စိုးရိမ်တာကြောင့် ‌ ဒေသခံတွေက ဓာတ်ဆီ အလုအယက် ဝယ်ယူနေကြပါတယ်။

ပင်လည်ဘူး လေကြောင်း တိုက်ခိုက်ခံရမှုမှာ ဒေသခံ ၉ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၉ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်နဲ့ တအာင်းတပ် စစ်ရေး တင်းမာမှု ပြေလည်မှု မရသေး

ညီနောင်မဟာမိတ်တပ်ဖြစ်တဲ့ ကိုးကန့်တပ်မတော်- MNDAA နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမှု ပြေလည်မှု မရသေးဘူးလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကဗျာဆရာ ကေဇဝင်း ကျဆုံးခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ရှမ်းမြောက် ဗလကသ ဦးဆောင်ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ ကဗျာဆရာ ကေဇဝင်း ကျဆုံးခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရှမ်းမြောက် ဗလကသက ဦးဆောင်ပြီး ရှမ်းမြောက်ထဲက နေရာတစ်ခုမှာ ကျင်းပခဲ့တယ်လို့ ကဗျာဆရာတွေဆီက သိရပါတယ်။