ရွှေဖီမြေ၊ မတ်လ ၂ဝ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

ဘုန်းကြီးကျောင်းထဲမှာ တပ်စခန်းလုပ်တာကြောင့် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ တအာင်းတပ် TNLA ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုပြီး စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်နဲ့ ဆိုရှယ်အကောင့်တွေက စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရပြီးချင်းမှာပဲ အခုလို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာ တွေ့ရပါတယ်။

“နောင်ချိုမှာ တာအိုက်ဘုန်းတို့ ရောက်နေတယ်ဆိုပြီး ဒေသခံက သတင်းပေးတယ်။ တာအိုက်ဘုန်း သေ မသေ အတိအကျ မသိနိုင်ပေမယ့် TNLA ထိပ်ပိုင်း ခေါင်းဆောင် ၃၇ ဦး ကြွသွားပြီလို့ သိရတယ်။ ဒီထဲမှာ တာဘုန်းကျော် ပါသွားတယ်လို့လည်း သတင်းရတယ်။” ဆိုတဲ့ (မူရင်း) စာသားတွေနဲ့အတူ ဝါဒဖြန့်ချိထားတာ ဖြစ်ပါတယ်။

Truth media, Truth waves media နဲ့ View of sue စတဲ့ ချန်နယ်တွေက ဖြန့်ဝေနေတာတွေ့ရပြီး သူတို့ဖြန့်ဝေထားတဲ့ သတင်းအမှားတွေကို ဝင်ရောက်ကြည့်ရှုသူပေါင်း သောင်းဂဏာန်းအထိရှိပါတယ်။

သတင်းအမှားလင့်

Truth waves media- https://archive.ph/olvLe

Truth media- https://archive.is/jMhQd

View of sue- https://archive.is/EfP8i

အဲဒီသတင်းအမှားပါ အကြောင်းအရာတွေကို ရွှေဖီမြေရဲ့ သတင်းအမှား စိစစ်တဲ့အဖွဲ့က စိစစ်ကြည့်ရာမှာ သတင်းအမှားတွေသာဖြစ်ကြောင်း တွေ့ရပါတယ်။

#သတင်းအမှားဖြစ်ကြောင်း စစ်ဆေးအတည်ပြုချက်

မတ်လ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ပါတယ်။

ဘုန်းကြီးကျောင်းဝန်းအတွင်း TNLA တပ်ဖွဲ့တွေ ခိုအောင်းနေတာမရှိသလို သေဆုံးသွားသူတွေ အားလုံးလည်း ကျောင်းဝန်းအတွင်းရှိ သံဃာတော်တွေနဲ့ အရပ်သားတွေသာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်အထိ ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကိုရင် ၅ ပါး၊ ဦးဇင်း ၂ ပါး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ကိုရင် ၁၄ ပါးအပါအဝင် နောက်ထပ် ၁၈ ဦးကတော့ ဒဏ်ရာအသီးသီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဒေသတွင်း သတင်းဌာနတွေအပြင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ RFA ကလည်း “နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှု သံဃာတော်ကိုးပါးနဲ့ အရပ်သားငါးဦးသေဆုံး” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://www.facebook.com/share/p/1AiU7oMsGf/

ဒါနဲ့ပတ်သက်ပြီး ရွှေဖီမြေကလည်း မြေပြင်ကွင်းဆင်းကာ သတင်းရယူပြီး တင်ဆက်ထားပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://fb.watch/yqB4BjxykR/

မြေပြင်မှာရှိနေသူ အမျိုးသားတစ်ဦးကလည်း ရွှေဖီမြေရဲ့ မေးမြန်းချက်ကို အခုလို ဖြေကြားထားပါတယ်။

“ဘုန်းကြီးကျောင်းမှာ ဘာစခန်းမှ မရှိဘူး။ ဘာဘိုးတော်မှလည်း မရှိဘူး။ ဘုန်းကြီးတွေဘဲ စာသင်နေတာ။ အဖိုးအိုနဲ့ အဖွားအိုတွေလည်း မြို့ထဲ ကြောက်ကြလို့ ဒီကျောင်းမှာ ရိပ်သာလာဝင်ကြတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ဘာဌာနဆိုင်ရာမှ မရှိဘူး” လို ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့်သတင်းဌာနကလည်း အချက်အလက်တွေ စစ်ဆေးထားပါတယ်။

ဝင်ရောက်ဖတ်ရှု့ရန်လင့်ခ် – https://fb.watch/yqBhiW8iE6/

#သုံးသပ်ချက်

အဖက်ဖက်မှာ ချိနဲ့နေတဲ့ စစ်ကောင်စီတပ်ဟာ ရန်သူ့တပ်တွေ တပ်စွဲထားတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အရပ်သားလူထုတွေရဲ့ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူ့ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လာတာကို မြန်မာနိုင်ငံရဲ့ နေရာအနှံမှာ တွေ့နေရပါတယ်။

နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ လုပ်ရပ်တွေကြောင့် သံဃာတော်တွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာကို ဖုံးကွယ်လိုတာနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာကို ဖုံးကွယ်ဖို့အတွက် အခုလို သတင်းအမှားတွေ ဖြန့်ချိနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ရွှေဖီမြေရဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အွန်လိုင်းပေါ်က တွေ့ရာ သတင်းတွေတိုင်းကို ချက်ခြင်းမယုံကြဘဲ လွှတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေမှာ ရေးသားဖော်ပြတာတွေကို ရှာဖွေဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဝိုင်းပိတ်ထားတာကြောင့် TNLA က အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် TNLA က မြို့လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ကြေညာလိုက်ရတယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်နေပါတယ်။