ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ မတ်လ၊ ၉ ရက်

တအာင်းတပ်မတော်(PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် တောင်နောက်ကျေးရွာမှာ လက်ပစ်ဗုံးပေါက်ကွဲရာကနေ ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်က ပြီးခဲ့တဲ့ မတ်လ ၇ ရက် နေ့လယ် ၂ နာရီခွဲမှာဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးဟာ ဘယ်ကနေ ယူလာမှန်းမသိတဲ့ လက်ပစ်ဗုံးတစ်လုံးကို ဆွဲမိခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်တာလို့ ဆိုပါတယ်။

ကျောက်မဲမြို့မှ တအာင်းတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက “အကုန်လုံးက ဒေသခံတွေဘဲ။ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ သူတို့ ‌ခေါက်ဆွဲစားနေတာ။ အမျိုးသားတစ်ယောက်က သူ့လွယ်အိတ်ထဲမှာ လက်ပစ်ဗုံးပါလာတယ်။ သူဆွဲမိလို့ ထင်တယ်။ အဲဒါနဲ့ ပေါက်ကွဲတာ။ သူလည်း သေ၊ သူ့အနားမှာ ဘီယာထိုင်သောက်တဲ့သူလည်း သေ။ ဆိုင်ရှင်အပါ သုံးယောက်က ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

လက်ပစ်ဗုံးယူလာတဲ့ အားရှင်းနဲ့ ဦးကျော်ဌေးဆိုသူဟာ သေဆုံးခဲ့ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဆိုင်ဟိန်း အပါ စိုင်းဘထွန်းနဲ့ ဆန်းဦးက ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာလည်း သီပေါမြို့အနီးရှိ ကုံးစုံကျေးရွာမှာ နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်လို့ ဒေသခံ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တဲ့အပြင် ဖေဖော်ဝါရီ ၂၅ ရက် တုံစင့်ရပ်ကွက် နယ်မြေ ၂ မှာ စစ်တပ်ရဲ့ လက်ဗစ်ဗုံးကို ဆော့ကစားရာကနေ ဗုံးပေါက်ကွဲပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဩဂုတ် ၅ ရက်မှာ တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးတော့ လက်ရှိမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။