ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း (၃၀၈၂) တပ်ခွဲ

ခိုင်လေး၊ မတ်လ ၉ ရက်၊ ကြို့ပင်ကောက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ လယ်ကွင်းထဲ တပ်ဖြန့်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၆) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

မနေ့ မတ်လ ၈ ရက်နေ့က အင်အား(၅၀)ခန့်ပါ စစ်‌ကောင်စီ စစ်ကြောင်းကို မနက် ၅နာရီခန့်က ဥယျာဥ်ကြီး-ရုံးချောင်း ဆက်သွယ်ရေး လမ်းပေါ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF ရဲဘော်များက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့စကစတွေ ရုံးချောင်းနဲ့ဥယျာဥ်ကြီး ဆက်သွယ်ရေးလမ်းပေါ်ကိုတက်ရော မိုင်းဆွဲလိုက်တာ ၃ ကောင် နေရာတင်သေတယ်။ ၇ ကောင်ကလည်း ဒဏ်ရာတွေရလို့ အော်ဟစ်နေတာဗျ။ စစ်ရေးက နှစ်ဖက်တင်းမာနေဆဲ။ ရုံးချောင်းရွာက ပြည်သူ၂ယောက်ကို ဖမ်းသွားတယ်”

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု‌အတွင်း သေဆုံးသူနဲ့ ဒဏ်ရာရတဲ့ စစ်‌ကောင်စီတပ်သားတွေကို သယ်ကာ ရုံးချောင်းရွာဘက်သို့ တပ်ဆုတ်သွားပြီး ရုံး‌ချောင်းရွာက ဒေသခံတချို့ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်‌နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်အနီး သွားလာနေထိုင်မှု မပြုလုပ်ကြဖို့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လည်း စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။