ဓာတ်ပုံ – Local

ယာရူစိင်း၊ ဖေဖော်ဝါရီ ၇ ရက်၊ သီပေါ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အမျိုးသားတစ်ဉီး ‌ကောက်ယူလာတဲ့ မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးပြီးတော့ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ အသက် ၂၄ နှစ်အရွယ် ခင်မောင်မြင့်ဆိုသူက မြရွှေဂူ ဘုန်းကြီးကျောင်းဘေးကနေ ကောက်ယူခဲ့တဲ့မိုင်းကို ဆော့ကစားရာကနေ မနေ့ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီခွဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူ ကျောင်းဘေးမှာဘဲ ကောက်ရတာပါ။ နင်းမိုင်း ကောက်ရပြီး ဆော့ရင်း ပေါက်ကွဲသွားတယ်။ ကျောင်းဝန်းထဲမှာ ဘုန်းကြီး တစ်ပါးနဲ့ စကားပြောနေတဲ့ အမျိုးသမီး တစ်ဦးပါ ထိမှန်သွားတယ်။ အရင်က စကစမိုင်းတွေပါ အာဏာ မသိမ်းခင်ကတည်းက အဲကျောင်းမှာ စကစတွေ အမြဲနေထိုင်တယ်​ေလ”

မိုင်းပေါက်ကွဲမှုကြောင့် မီးရထားရပ်ကွက်မှာ နေထိုင်တဲ့ ခင်မောင်မြင့်ဟာ သေဆုံးပြီး ပုတိမ်တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် တင့်တင့်ထွန်းကတော့ ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က သီပေါမြို့နယ် မန်ကောင်းရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်း နင်းမိပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ရွာက ဉီးအိုက်ဆိုင်ဆိုသူဟာ ခြံအတွင်း မြက်ရှင်းရာကနေ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။