ရွှေဖီမြေ၊ စက်တင်ဘာ ၃ ရက်
တအာင်းပြည် ကျန်းမာရေးကောင်စီ- THC ရဲ့ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနက ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အင်အားနဲ့ ဆေးပညာဘွဲ့ (Bachelor of Medicine, Bachelor of Surgery – M.B., B.S)အတွက် ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူနေပါတယ်။
လျှောက်ထားလိုသူဟာ ဇီဝဗေဒ သိပ္ပံတွဲနဲ့ အောင်မြင်သူ ဖြစ်ရမှာဖြစ်ပြီး စာတွေ့ ၆ နှစ် လက်တွေ့ ၁ နှစ် သင်ယူပြီးနောက် ၃ နှစ်ကြာ ပြန်လည် တာဝန်ထမ်းဆောင်နိုင်ရသူ ဖြစ်ရမယ်ဆိုပြီး THC က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အပတ်စဉ်(၁) ကျောင်းအတွက် လျှောက်လွှာကို စက်တင်ဘာ ၁၈ ရက်အထိ နောက်ဆုံးထားကာ လျှောက်ထားနိုင်ပြီး ကျောင်းကို နိုဝင်ဘာ ၂ ရက်မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
လိုင်းပေါ်ကနေ လျှောက်ထားလိုသူတွေအနေနဲ့ https://docs.google.com/…/1FAIpQLScNE9fEUS…/viewform ထဲ ဝင်ရောက်ကာ လျှောက်ထားနိုင်ပြီး ကျောင်းနဲ့ပတ်သက်ပြီးတော့ သိလိုတာတွေရှိရင် https://www.facebook.com/profile.php?id=61586995182436 သို့ ဝင်ရောက်မေးမြန်းနိုင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။