ဓာတ်ပုံ – Local

ပပ၊ ဇူလိုင် ၂ ရက်၊ ကျိုင်းတုံ

ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ပရိဘောဂဆိုင်မှ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း ဖြစ်စဉ်ကိုသိရသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီနေ့ ‌ဇူလိုင် ၂ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်၊ နွဲနော်ရပ်က ကိုစိုင်းလွတ် ပရိဘောကဆိုင်ရှေ့မှာ အိမ်စီးကားအဖြူ စီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်(အရှည်) တွေ ကိုင်ဆောင်ပြီး ၎င်းဆိုင်ထဲက အမျိုးသမီးကို ကားပေါ်သို့ ဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

‎‎ဖြစ်စဉ်သိရသူ အမျိုးသားက “လမ်းမကြီးပေါ်မှာဖြစ်သွားတာ။ နေ့ခင်းကြီးလည်းဖြစ်တယ်။ ရဲစခန်းနဲ့လည်း နီးတယ်။ ဒါကိုကြည့်ရင် မြို့က တအားကြောက်စရာကောင်းနေပြီ။ နေရတာ ခပ်လန့်လန့်ဖြစ်နေတယ်” လို့ ပြောပါတယ်။

‎၎င်းပြန်ပေဆွဲမှုနဲ့ ပတ်သတ်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးဘဲ မိသားစုတွေက သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်း သူကဆိုပါတယ်။

‎ကျိုင်းတုံမြို့မှာ လောင်းကစားဝိုင်းတွေ မျိုးစုံရှိတဲ့အပြင် ကျားဖျန့်တွေလည်း အခြေစိုက်နေတာကြောင့်နဲ့ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ရနေတာကြောင့် ခိုးမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ဆိုပါတယ်။

‎အလားတူ ဇွန်လ ၂၅ ရက် ညကလည်း ကျိုင်းတုံမြို့နယ် ကျိုင်းကာကျေးရွာမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား စီးလာတဲ့ဆိုင်ကယ်နဲ့ဖုန်းကို အမျိုးသား ၄ ဦးက လုယက်ရိုက်နှက်ခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကလည်း ကျိုင်းတုံမြို့က ရွှေဆိုင်ပိုင်ရှင် ဓါးပြတိုက် သတ်ဖြတ်ခံခဲ့ရပေမဲ့ တရားခံတွေကို တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ ဖမ်းဆီးအရေးယူနိုင်တာ မရှိသေးကြောင်း ဒေသခံတွေက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။