ဓာတ်ပုံ – Local

မြတ်နိုး၊ ဇူလိုင် ၁ ရက်၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်တပ်မတော်-KIA မြို့နယ်မှူး ဆိုင်းအောင်နန်ကို သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ယူဆခံထားရတဲ့ မုန်ဂျာအောင် (Mung Ja Awng) ကို မနေ့ ဇွန်လ ၃၀ ရက် ညနေပိုင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က KIO မြို့နယ်မှူး ဆိုင်းအောင်နန်း ကို သတ်သွားတဲ့ မုန်ဂျာအောင်က မဇွပ်ယန် ကျောင်းဘေးက အခန်းငှားတဲ့အိမ်မှာ ကိုယ့်ကိုယ်ကို ကြိုး-ဆွဲ-ချ ပြီးသေနေတယ်” လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်ရင်လည်း လွတ်မြောက်မှာ မဟုတ်တဲ့အတွက် အဆုံးစီရင်သွားတယ်လို့ ယူဆရပြီး လုံးခင်းကျေးရွာအုပ်စုဘက်ခြမ်း၊ မဇွပ်ယန်ရွာမှာ မနေ့ ညနေပိုင်းက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“ပစ္စည်းတွေ အကုန်ပြန်ရပြီလို့ ကြားတယ်။ ဒါပေမယ့် သူ့ကိုယ်သူ သတ်သေတာလား၊ တခြားအကြောင်းကိစ္စကြောင့် အသတ်ခံထားရတာလားဆိုတာတော့ မသိသေးဘူး။ အဲဒီအလောင်းနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာတော့ ပြောဆိုမှုတွေ ရှိနေတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

မုန်ဂျာအောင်ဟာ ဇွန်လ ၂၉ ရက် မနက်အစောပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာမှာ KIO/KIA မြို့နယ်မှူး ဆိုင်းအောင်နန်ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိခံထားရသူ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ မုန်ဂျာအောင်ဟာ ဖားကန့်ကို ရောက်ရှိတာ မကြာသေးဘဲ မူးယစ်ဆေးဝါး သုံးစွဲတတ်ကာ လောင်းကစားလည်း အလွန်အကျွံ ပြုလုပ်လေ့ရှိသူဖြစ်ပြီး လောင်းကစားမှာ ငွေ သိန်း တစ်ရာကျော် ရှုံးနိမ့်ခဲ့ရာကနေ ယောက်ဖတော်စပ်သူ အဲဒီ အရာရှိဆီ ငွေသိန်းရာချီတောင်းရာမှာ မပေးတာကြောင့် စကားများပြီး ပြဿနာဖြစ်ပွားခဲ့တာ လို့ဆိုပါတယ်။

အဲဒီနောက် ဇွန်လ ၂၉ ရက် မနက်အစောပိုင်းမှာ မြို့နယ်မှူး အိပ်နေချိန် ခေါင်းကို မသေမချင်း သတ်ဖြတ်ခဲ့ပြီး အလောင်းကို ဖားပြင်ကျေးရွာ သင်္ချိုင်းအနီး ရေကန်ထဲ ပစ်ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်မှုအပြီးမှာ မုန်ဂျာအောင်ဟာ ငွေကျပ် သိန်း ၅၀၀ ခန့်နဲ့ မော်တော်ယာဉ်တစ်စီးကို ယူဆောင်ထွက်ပြေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အစောပိုင်းမှာတော့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဘက်ကို ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် အတည်မပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တခြား သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထားနိုင်ခဲ့ပေမယ့် အဓိကကျူးလွန်သူအဖြစ် ယူဆခံထားရတဲ့ မုန်ဂျာအောင်ကတော့ ထွက်ပြေးလွတ်မြောက်နေခဲ့တာ ဖြစ်ပြီး အခုလို အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ KIO/KIA ဘက်က သတ်ဖြတ်ခံရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။