ဓာတ်ပုံ- CJ

မြတ်နိုး၊ ဇွန်လ ၃၀ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ရွာမှာ ကချင်တပ်မတော်- KIA ရဲ့ အရာရှိတစ်ဦး မနေ့ ဇွန်လ ၂၉ ရက် မနက်အစောပိုင်းမှာ သတ်ဖြတ်ခံရကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

“လောလောဆယ်တော့ ဘာကြောင့်လဲဆိုတာ အတိအကျတော့ ပြောဖို့ခက်တယ်။ အဓိက တရားခံဖြစ်တဲ့ မုန်ဂျတ်အောင်က လောင်းကစား တော်တော် ဆော့တယ်လို့ သိရတယ်။ သူရောက်တာလည်း သိပ်မကြာသေးဘူး။ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လူသတ်မှု ကျူးလွန်သူက အရာရှိကို သတ်ဖြတ်ပြီး ကျပ်သိန်း ၅၀၀ နဲ့ ကားတစ်စီးပါ ယူဆောင်ပြီး မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဆီ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“လောင်းကစားလုပ်တာ ရှုံးလို့တဲ့။ သိန်းတစ်ရာကျော် ရှုံးသွားလို့ ပိုက်ဆံ လာတောင်းတာ စကားများကြတယ်လို့ ကြားတယ်။ အိပ်နေတဲ့အချိန်မှာ လာခုတ်သတ်သွားတာလို့ သိရတယ်။ ခုတ်သတ်ပြီး အလောင်းကို ရေအိုင်ထဲမှာ ပစ်ချသွားတာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လူသတ်မှု ကျူးလွန်သူက ဆိပ်မူကနေ မမုံဘက် ပြန်သွားပြီး မနက်အစောပိုင်းမှာ သတ်ဖြတ်ခံရသူ အိပ်နေချိန် ခုတ်သတ်ခဲ့တာဖြစ်ပြီး ဖားပြင်သင်္ချိုင်းအောက်ဘက်က ရေအိုင်မှာ သွားပစ်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားနိုင်ပြီး အဓိက ကျူးလွန်သူလို့ ယူဆရတဲ့ မုန်ဂျတ်အောင်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ သတ်ဖြတ်မှု အကြောင်းအရင်းကို တာဝန်ရှိသူတွေက တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ထွက်ပြေးနေတဲ့ သံသယရှိသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။