ရွှေဖီမြေ၊ ဇွန်လ ၃၀ ရက်၊ နမ့်ဆန်

တအာင်းတပ်မတော် ထိန်းချုပ်တဲ့ နမ့်ဆန်မြို့ထဲ တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဦးဆောင်ဖွင့်လှစ်တဲ့ ဆရာ့အတတ်ပညာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို မနေ့ ဇွန်လ ၂၉ ရက်မှာ ကျင်းပခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

အဲဒီအခမ်းအနားကို ပါမောက္ခ ဒေါက်တာဟောည်,၊ နမ့်ဆန်မြို့နယ် ပညာရေးမှူး ဦးမောင်မောင်လေး၊ TLEC အတွင်းရေးမှူး၊ တွဲဖက်ဒါရိုက်တာတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ဆရာဆရာမနဲ့ သင်တန်းသူသင်တန်းသားအပါအဝင် လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သင်တန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကနေ ဇွန်လ ၂၈ ရက်အထိ ၂ လကြာ ဖွင့်လှစ်ခဲ့ပြီး ဆရာတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ လိုအပ်တဲ့ အခြေခံ ဆရာ့အတတ်ပညာကို စနစ်တကျ သင်ကြားပို့ချပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သင်တန်းကို သင်တန်းသူ ၁၀၃ ဦးနဲ့ သင်တန်းသား ၄၆ ဦး စုစုပေါင်း ၁၄၉ ဦး တက်ရောက်အောင်မြင်ခဲ့ကြပါတယ်။

သင်တန်းအတွင်း Education Theory၊ Educational Psychology၊ Myanmar၊ English၊ Mathematics၊ Science၊ Social Studies၊ Physical Education၊ Performing Arts (Music)၊ Visual Arts၊ Local Curriculum (Agriculture, DS, IS)နဲ့ Practice Teaching (Practicum) အပါအဝင် အဓိကဘာသာရပ် ၁၂ ခုကို သင်ကြားပို့ချပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သင်တန်းကာလအတွင်း နည်းပြဆရာဆရာမနဲ့ သင်တန်းသူသင်တန်းသားတွေ စာပေထူးချွန်ဆု၊ သရုပ်ပြသင်ကြားမှု အကောင်းဆုံးဆု (မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ)၊ ပန်းချီအနုပညာ အကောင်းဆုံးဆု၊ သင်ထောက်ကူဖန်တီးမှု အကောင်းဆုံးဆု၊ ကြက်တောင်အားကစား အကောင်းဆုံးဆု၊ ခြင်းလုံးအားကစား အကောင်းဆုံးဆုနဲ့ အတန်းလိုက် ကာယသရုပ်ပြမှု အကောင်းဆုံးဆုတွေကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

TLEC အနေနဲ့ သင်တန်းကို ဆရာဆရာမတွေအတွက် မဖြစ်မနေ လိုအပ်တဲ့ အခြေခံ ဆရာ့အတတ်ပညာ တတ်မြောက်စေဖို့၊ ဆရာ့အတတ်ပညာသင်တန်း မတက်ရောက်ဖူးသူအနေနဲ့ သင်ယူခွင့် ရရှိစေဖို့၊ အရည်အသွေးပြည့်ဝတဲ့ ဆရာဆရာမတွေကို လေ့ကျင့်ပျိုးထောင်ပေးဖို့နဲ့ ဆရာ့အတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။