ရွှေဖီမြေ၊ ဇွန်လ ၂၉ ရက်
တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဦးစီးဖွင့်လှစ်တဲ့ တအာင်းပညာရေး အကယ်ဒမီကျောင်း- TEA က အပတ်စဉ် ၄ ပလိုမာသင်တန်းအတွက် သင်တန်းသူ သင်တန်းသား ခေါ်ယူနေပါတယ်။
အပတ်စဉ် ၄ သင်တန်းကို လာမယ့် သြဂုတ်လမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီးတော့ ဘယ်တိုင်းရင်းသားမဆို လျှောက်ထားနိုင်ပါတယ်။
လျှောက်ထားလိုသူတွေဟာ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ စနစ်သစ် G-12 အဆင့် A, B, C နဲ့ အောင်မြင်ထားသူ၊ ကျောင်းက ချမှတ်ထားတဲ့စည်းကမ်း လိုက်နာနိုင်သူနဲ့ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရပါမယ်။
ဒီပလိုမာအတန်း အပတ်စဉ် ၃ ကို ၂ဝ၂၆ ဇန်နဝါရီ ၃ ရက်က ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ သင်တန်းသား ၅၄ ဦးက တက်ရောက်သင်ကြားနေဆဲ ဖြစ်ပါတယ်။
TEA ကျောင်း အပတ်စဉ် ၁ နဲ့ ၂ မှာ သင်တန်းသူ သင်တန်းသား ၂၇၂ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး TLEC က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ဆရာဆရာမအဖြစ် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။
သင်တန်း လျှောက်လိုသူအနေနဲ့ TEA ရဲ့ Facebook လင့်ခ် https://www.facebook.com/profile.php?id=61556743323323 သို့မဟုတ် သက်ဆိုင်ရာ မြို့နယ် TLEC ရုံးမှာ လျှောက်လွှာတွေ ရယူနိုင်သလို အွန်လိုင်းလျှောက်လွှာဖောင်ဖြစ်တဲ့ https://docs.google.com/…/1FAIpQLSfBnIPjSTxonq…/viewform ထဲ ဝင်ရောက်ကာ လျှောက်ထားနိုင်ပြီး ဖောင်နဲ့ ဖြည့်စွက်ထားတဲ့သူတွေအနေနဲ့ မြို့နယ် TLEC ရုံးမှာ လျှောက်လွှာတွေကို ပေးပို့နိုင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။