ဓာတ်ပုံ – CJ

ဇွန် ၁၃၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်(၅)မှာ ဒီနေ့ ဇွန် ၁၃ရက် မနက်ပိုင်းက လမ်းဘေးမှာ ပစ်ထားတဲ့ ပလပ်စတစ်အိတ်တစ်အိတ်ကို ကောက်ယူကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံးခင်းရပ်ကွက်ထဲက ခင်ဝင်းဝင်းချို တည်းခိုခန်းရှေ့အနီး လမ်းဘေးမှာ အမည်းရောင် ကျွတ်ကျွတ်အိတ်တစ်အိတ် တွေ့ရှိခဲ့ရာကနေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ဖိုးသမားက စားစရာထင်ပြီး သွားကောက်တာ ပေါက်ကွဲသွားလို့ အဲဒီ ဖိုး(ဘိန်းစား)သမား သေသွားတယ်။ အသွားအလာတွေ သတိထားသင့်တယ်။ လမ်းဘေးကပ်ပြီး သွားရင် အရမ်းသတိထားရမယ်” လို့ ဖြစ်စဉ်ကို သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ ဖိုး(ဘိန်းစား)သမားတစ်ဦးဖြစ်တယ်လို့ သိရပြီး ပေါက်ကွဲခဲ့တဲ့ အထုပ်ဟာ ထောင်မိုင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ဒေသခံတစ်ဦးကလည်း “လုံးခင်းကတော့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေလို့ ဆိုနိုင်ပါတယ်။ အခုလို လမ်းဘေးပစ္စည်း ကောက်မိပြီး ပေါက်ကွဲတာက အရင် တောင်ပြိုဖြစ်စဉ်က ကလေးတွေ ဆော့ကစားရင်း ဖြစ်ခဲ့ဖူးပါတယ်” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ အခုလို ပေါက်ကွဲမှုမျိုး အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တောင်ပြိုကျေးရွာမှာ ကလေးငယ် ၄ ဦး ဆော့ကစားနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး အခြားကလေးငယ်များ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံတွေကတော့ လမ်းဘေးနဲ့ လူသွားလူလာနည်းတဲ့ နေရာတွေမှာ တွေ့ရတဲ့ မသင်္ကာဖွယ် အထုပ်အပိုးတွေကို မကိုင်တွယ်ကြဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားကြဖို့ တိုက်တွန်းနေကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။