ရွှေဖီမြေ၊ ဇွန်လ ၁၁ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်ဂျတ်ကျေးရွာမှာ နေထိုင်တဲ့ လွေးအမ်အွန်ဆိုသူဟာ ချစ်သူရည်းစားဖြစ်တဲ့ တရုတ်အမျိုးသားနဲ့ မလေးရှားသို့ လိုက်သွားရာကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ သူမရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးဆီကနေ သိရပါတယ်။

လွေးအမ်အွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၆ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကနေ ကမ္ဘောဒီယားကို တစ်ယောက်တည်း သွားရောက်အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၂၆ မတ်လ ၂၇ ရက်နေ့မှာတော့ ချစ်သူကောင်လေးဖြစ်တဲ့ အဲဒီတရုတ်အမျိုးသားနဲ့ မလေးရှားသို့ ထပ်မံလိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူငယ်ချင်းဖြစ်သူက “အဲတရုတ်ကောင်လေးက နဂိုကတည်းက ကမ္ဘောဒီယားမှာ ရှိနေပြီးသား။ အဲကောင်လေးနဲ့တွေ့တာ တစ်လပဲရှိသေးတာ ကမ္ဘောဒီယားကို လိုက်သွားတာ။ ကမ္ဘောဒီယားမှာ အလုပ်အဆင်မပြေလို့ဆိုပြီး သူ့ကို (လွေးအမ်အွန်) မလေးရှားခေါ်သွားတာ” လို့ ဆိုပါတယ်။

လွေးအမ်အွန်က မတ်လ ၂၇ ရက်နေ့မှာပဲ မလေးရှားကို ရောက်ရှိခဲ့ပြီး သူငယ်ချင်းဖြစ်သူတွေနဲ့ မေလ ၁၉ ရက်အထိသာ သူမနဲ့ အဆက်အသွယ်ရကြောင်း ပြောပါတယ်။

“လေးလပိုင်း တစ်လလုံး အဆက်အသွယ်ရခဲ့ပါတယ်။ မေလ ၁၉ ရက်ရောက်တော့ သူ ၂၂ ရက်နေ့ကျရင် မြန်မာပြည် ပြန်လာမယ်လို့ပြောတယ်။ အဲ ၁၉ ရက်နေ့က အဆက်အသွယ် နောက်ဆုံးရတဲ့နေ့ပါ” လို့ သူငယ်ချင်းဖြစ်သူက ရွှေဖီမြေကို ရှင်းပြပါတယ်။

လွေးအမ်အွန်နဲ့ နောက်ဆုံးအဆက်အသွယ်ခဲ့တဲ့နေ့မှာ ဖုန်းပြောလို့ အဆင်မပြေသေးကြောင်း၊ ဖုန်းပျက်နေလို့ နောက်မှ ပြန်ခေါ်မယ်ဆိုတဲ့ အကြောင်း၊ ကြောက်ရွံ့နေတဲ့ လေသံတွေနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တာလို့ ဆိုပါတယ်။

မေလ ၁၉ ရက်ကနေ ဒီနေ့ ဇွန်လ ၁၂ ရက်အထိ ရက် ၂၀ ကျော်ကြာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာကြောင့် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက စိတ်ပူနေကြပြီး လွေးအမ်အွန်ကို တွေ့ရှိသူတွေ ဆက်သွယ်အကြောင်းကြားပေးဖို့နဲ့ လွေးအမ်အွန်မှ ရောက်ရာအရပ်ကနေ ဆက်သွယ်လာပေးဖို့ တောင်းဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။