ဓာတ်ပုံ – SPM

ရွှေဖီမြေ၊ ဇွန်လ ၁၁ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် မွန်တပ် (NMSP – AD/RMA) က သိန်း (၃၀၀) ပါဝင်ကူညီလှူဒါန်းပေးခဲ့သလို ကိုးကန့်တပ် – MNDAA အပါအဝင် မိုင်းလားကျန်းမာရေးကော်မတီလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ အထောက်အပံ့ပစ္စည်းတွေ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်နိုင်ရေးကော်မတီက အလှူခံဌာနကို လာမယ့် ဇွန်လ ၁၅ ရက်မှာ ပိတ်သိမ်းမယ်လို့ ကြေညာထားပြီး ဌာနပိတ်သိမ်းပြီးနောက်ပိုင်းမှာလည်း အလှူရှင်တွေအနေနဲ့ ထပ်မံလှူဒါန်းလိုရင် ပြန်လည်ထူထောင်ကော်မတီထံ တိုက်ရိုက်လှူဒါန်းတာ၊ သက်ဆိုင်ရာ ဥက္ကဌတွေထံ တိုက်ရိုက်ဆက်သွယ်လှူဒါန်းတာနဲ့ ထိခိုက်နစ်နာသူတွေထံ ကိုယ်တိုက်ကိုယ်ကျ သွားရောက်လှူဒါန်းတာမျိုး ပြုလုပ်နိုင်ကြောင်း ဆိုထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်တပ် – KIO/KIA က ကျပ်သိန်း (၅၅၀)၊ “ဝ”တပ်မတော်- UWSA က ကျပ်သိန်း (၁ဝဝ) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဆန်အိတ် (၂ဝ) နဲ့ ကျပ်သိန်း (၁ဝဝ)၊ ပြည်တွင်းပြည်ပရှိ ဒေသအသီးသီးက တအာင်း၊ ကချင်၊ ရှမ်း၊ တရုတ်၊ ခိုလုံလီရှော၊ ဗမာ စတဲ့လူထုတွေကလည်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

မနေ့ ဇွန်လ ၁၀ ရက်အထိ ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက ကောင်းတပ်ပေါက်ကွဲမှုအတွက် အလှူငွေ သိန်းခြောက်ထောင်ကျော် (၆၉၈,၃၀၀,၁၀၀) ကျပ် အပြင် တရုတ်ယွမ် (၄၁,၃၈၆) ရရှိထားပါတယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ တအာင်းတပ် TNLA ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၄၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၅၄ ဦးအထိရှိခဲ့သလို နေအိမ် ၆၈၀ လည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အဲဒီထဲမှာမှ မီးလောင်ပြာကျခဲ့တဲ့ နေအိမ် ၄၀ ကျော် ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။