ဓာတ်ပုံ- အမှတ်(၁) ရွှေဘိုခရိုင် စစ်ဌာန

မိုင်းရူပ၊ မေလ ၁၉ ရက်၊ စိုင်းပြင်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်းပြင်မြို့ ရဲစခန်းကို Operation OTT အဖြစ် တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁) ရွှေဘိုခရိုင် စစ်ဌာနက မနေ့ မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စိုင်းပြင်မြို့ရှိ စစ်ကောင်စီရဲ့ ရဲစခန်းကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ ရွှေဘိုခရိုင် အမှတ်(၁) စစ်ဌာနကွပ်ကဲမှုအောက်ရှိ စစ်အင်အား ၆၀ နဲ့ စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၆ ရက်မှာ ရဲစခန်းကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်က ၁၀ ဦး သေဆုံးပြီး စခန်းမှူး ဝင်းဇာနည်အောင်က ဒဏ်ရာရတဲ့ ၎င်းတို့ တပ်ဖွဲ့ဝင်တွေနဲ့ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ချန်ထားပြီး ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

“ရဲစခန်းဆိုပေမဲ့ တပ်နဲ့ပေါင်းထိုင်တဲ့ စခန်းပေါ့လေ။ စစ်ဆင်ရေးက ၂ ရက် ကြာခဲ့ပါတယ်။ အလောင်း ၁၁ လောင်း ရပါတယ်။ အညာတော်လှန်ရေးရဲ့ အားသာချက်ဟာ ပြည်သူနဲ့ တစ်သားတည်းဖြစ်မှုပါ။ ကျနော်တို့ အောင်ပွဲဟာ ပြည်သူတွေရဲ့ အောင်ပွဲပါ” လို့ အမှတ်(၁) ရွှေဘိုခရိုင် စစ်ဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စိုင်းပြင်မြို့ဟာ မုံရွာ-ရေဦး အဝေးပြေး လမ်းမကြီးဘေးမှာ တည်ရှိပြီး စစ်တပ်ရဲ့ အဆောက်အဦးတွေကို အပြီးသတ် ရှင်းလင်းကာ မြို့တွင်းကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်ကတော့ စိုင်းပြင်မြို့ရဲစခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းအပါအဝင် နေရာတချို့မှာ စစ်တပ်ရဲ့ထိုးစစ်တွေ အားကောင်းနေချိန် တော်လှန်ရေးတပ်တွေဘက်ကလည်း မြို့သိမ်းတိုက်ပွဲ ပြန်လည် ဖော်ဆောင်လာတာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။