ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ မေလ ၈ ရက်၊ တာချီလိတ်

‎ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့မှာ နာရီပိုင်းအတွင်းသာ မိုးကြီးခဲ့ပေမဲ့ ချောင်းနဲ့မြောင်းတွေမှာ အမှိုက်ပိတ်ဆို့မှုတွေကြောင့် ရပ်ကွက်တချို့က လူနေအိမ်ထဲ ရေတွေဝင်ခဲ့ကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မေလ ၇ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ နာရီဝက်အတွင်းသာ မိုးကြီးခဲ့တာဖြစ်ပြီး ချောင်းနဲ့မြောင်းမှာ အမှိုက်တွေ ပိတ်နေတာကြောင့် ပါလျံရပ်ကွက်၊ အခါဈေးနဲ့ ပုန်းထွန်စတဲ့ရပ်ကွက်က မြေနှိမ့်ပိုင်းနေအိမ်အတွင်း ရေဝင်ခဲ့တာ ဖြစ်ပါတယ်။

‎မြို့ခံအမျိုးသားက “ဒီမနက် ရေကျ‌ပေမဲ့ အိမ်တွေ၊ ဆိုင်တွေထဲ အမှိုက်နဲ့ နွံ့တွေ ကျန်နေခဲ့တာ။ တချို့အိမ်တွေဆို ပစ္စည်းတွေ ရစရာမရှိတော့အောင် ပျက်စီးသွားတာရှိတယ်” လို့ ပြောပါတယ်။

‎တာချီလိတ်မြို့ရှိ ရေနုတ်မြောင်းနှင့် ရေချောင်းအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကို သက်ဆိုင်ရာက အရေးယူမယ်လို့ ဆိုထားပေမဲ့ လက်တွေ့လုပ်ဆောင်တာ မရှိတာကြောင့် ရေကြီးရေလျှံမှုတွေ ဆက်ဖြစ်နေကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်ကလည်း မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်း၊ မဲခေါင်ချောင်း၊ နိုင်းနိုင်းချောင်း၊ (၁၂)လမ်းချောင်း၊ ခိုတောင်းချောင်း၊ ဝမ်ဟောင် ချောင်းအပြင် မြို့တွင်းရှိ ချောင်း၊ မြောင်းအတွင်းသို့ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုတွေ မလုပ်ကြဖို့ ဒေသခံတွေကိုလည်း မြို့နယ်စည်ပင်နဲ့သက်ဆိုင်ရာက သတိပေးပြောဆိုခဲ့ဖူးပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း တာချီလိတ်မြို့မှာ မိုးကြီးရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ သေဆုံးခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။