ဓာတ်ပုံ – SPM

ရွှေဖီမြေ၊ မေလ ၇ ရက်၊ နမ္မတူ

တအာင်းတပ်မတော် – TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ပေါ်နဲ့ ကျေးရွာပိုင်းတွေမှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့တုန်းကလည်း မိုင်းဆင်ကျေးရွာခံတွေက နမ္မတူဆေးရုံမှာ ဆေးကုသနေတဲ့ ဆွေမျိုးတွေကို သွားရောက်ကြည့်ရှုချိန် ဆေးရုံအပြင်ဖက်မှာ ဆိုင်ကယ်ရပ်ထားခဲ့ရာကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ မိုင်းဆင်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၄ ရက်နေ့တုန်းက ကျမတို့ ရွာကလူတွေ ဆေးရုံမှာ သူတို့တူလေးဆီ သွားလည်တာ။ ဆိုင်ကယ်ပျောက်သွားတယ်။ ဆိုင်ကယ်က အသစ်ပဲ ရှိသေးတယ်။ အဲဒီနေ့မှာပဲ ဆေးရုံလာတဲ့ တခြားလူတစ်ယောက်ရဲ့ ဆိုင်ကယ်လည်း ပျောက်သွားသေးတယ်။ တစ်ရက်တည်း ၂ စီးပျောက်သွားတာ” လို့ ၎င်းက ပြောပါတယ်။

အဲဒီနေ့မှာဘဲ နမ္မတူဆေးရုံမှာ နောက်ထပ်လာရောက် ဆေးကုသနေတဲ့ လူနာနဲ့ မိသားစုဝင်တွေရဲ့ ဆိုင်ကယ်တွေလည်း တစ်ပြိုင်နက်တည်း အခိုးခံလိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမေလ ပထမပတ်အတွင်းမှာပဲ နမ္မတူမြို့ပေါ်က အမျိုးသမီးတစ်ဦးလည်း ဆိုင်ထဲ ဈေးဝယ်နေစဉ် ဆိုင်ကယ်အခိုးခံရပြီး ပျောက်ဆုံးသွားခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ဆိုင်ကယ် အခိုးခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ္မတူမှာ အခုလို ခပ်စိတ်စိတ် ဆိုင်ကယ်ပျောက်ဆုံးတာတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှု မြင့်တက်နေပြီး တအာင်းတပ်အနေနဲ့ လုံခြုံရေးအပေါ် တိုးမြှင့်ဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။